ဆေးခြောက် က Covid 19 ရောဂါကို ကာကွယ် ကုသနိုင်တယ်ဆိုတဲ့ သတင်း တွေ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ မြန်မာလိုရေးထားတဲ့ သတင်းတွေလည်း တွေ့ရသလို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြ ထားကြတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။ ဒါ့ကြောင့် ဒီသတင်းတွေဟာ ရာခိုင်နှုန်းပြည့် မှန်ကန်တဲ့ သတင်းတွေ မဟုတ်တဲ့အကြောင်း ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက ပြောပြပါမယ်။
သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက်
ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ် Covid 19 ကို ကာကွယ် ကုသနိုင်တယ်ဆိုပြီး သိပ္ပံပညာရှင်တွေက လေ့လာ တွေ့ရှိခဲ့ကြတယ်လို့ ဆိုထားပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဒီမှာ ရေးသားထားပြီး အဲဒီသတင်းကို တဝက်တပျက် မြန်မာပြန်ထားတဲ့ သတင်းက ဒီမှာ ဖြစ်ပါတယ်။
Claim Request | ဆေးခြောက်က Covid-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့သတင်းက တကယ့်သတင်းအမှန်လား
Fact Check | ဖတ်ရှုသူကိုနားလည်မှုလွဲမှားအောင်ရေးသားထားတဲ့ သတင်းအမှားတစ်ခုပဲဖြစ်ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်
အထက်ပါအကြောင်းအချက်အလက်တွေကြောင့် ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ ဆေး၊ ကုသနိုင်တဲ့ဆေးဖြစ်တယ်လို့ ဆိုထားတဲ့ သတင်းတွေဟာ ဖတ်ရှုသူကို နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားတွေ ဖြစ်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့လည်း ဒီလို သုတေသနဆိုင်ရာ သတင်းတွေကို ဖတ်ပြီဆိုရင် သုတေသန တွေ့ရှိချက်တွေဟာ ပြီးမြောက်တဲ့ တွေ့ရှိချက်တွေလားဆိုတာ နားလည်အောင် ဖတ်ဖို့လိုပါတယ်။ နောက်ပြီး ဒီဖြစ်ရပ်ကိုပဲ အခြား သုတေသနလုပ်တဲ့ သိပ္ပံပညာရှင် တွေကရော ဘယ်လို ထင်မြင်ယူဆကြသလဲ။ ဘယ်လို သုတေသနလုပ်ကြလဲဆိုတဲ့ သုတေသန ရဲ့ သဘောကို နားလည်ဖို့ဦးစွာလိုအပ်ပါတယ်။
တကယ်လို့
သတင်းအချက်အလက်တွေဟာ များလွန်းလို့ ဖတ်ရတာ ရှုပ်ထွေးနေပြီး တိုက်ဆိုင်စစ်ဆေးတာတွေ၊ ထပ်မံရှာဖွေ ဖတ်ရှုတာတွေ မလုပ်နိုင်ဘူးဆိုရင်တော့ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို လာရောက်ပြီး သတင်းအမှား/အမှန် လာရောက်မေးမြန်းလို့ရပါတယ်။
ဝေဖန်အကြံပြုရန်