FACT CHECK| ဆေးခြောက်က Covid 19 ကိုကာကွယ်ကုသနိုင်တယ်ဆိုတဲ့ သတင်းက ဖတ်ရှူသူကို နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားပဲဖြစ်ပါတယ်

ဆေးခြောက် က Covid 19 ရောဂါကို ကာကွယ် ကုသနိုင်တယ်ဆိုတဲ့ သတင်း တွေ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ မြန်မာလိုရေးထားတဲ့ သတင်းတွေလည်း တွေ့ရသလို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြ ထားကြတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။ ဒါ့ကြောင့် ဒီသတင်းတွေဟာ ရာခိုင်နှုန်းပြည့် မှန်ကန်တဲ့ သတင်းတွေ မဟုတ်တဲ့အကြောင်း ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက ပြောပြပါမယ်။

သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက် 


ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ် Covid 19 ကို ကာကွယ် ကုသနိုင်တယ်ဆိုပြီး သိပ္ပံပညာရှင်တွေက လေ့လာ တွေ့ရှိခဲ့ကြတယ်လို့ ဆိုထားပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဒီမှာ ရေးသားထားပြီး အဲဒီသတင်းကို  တဝက်တပျက် မြန်မာပြန်ထားတဲ့ သတင်းက ဒီမှာ ဖြစ်ပါတယ်။ 

 

Claim Request | ဆေးခြောက်က Covid-19  ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့သတင်းက တကယ့်သတင်းအမှန်လား
Fact Check | ဖတ်ရှုသူကိုနားလည်မှုလွဲမှားအောင်ရေးသားထားတဲ့ သတင်းအမှားတစ်ခုပဲဖြစ်ပါတယ်။ 


 
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

 

  • New York Post သတင်းဌာနက တင်ထားတဲ့ သိပ္ပံပညာရှင်တွေက ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းနိုင်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တဲ့အကြောင်း Poynter Institute ရဲ့ Politic Fact အချက်အလက်စစ်ဆေးတဲ့ ဝက်ဘ်ဆိုဒ် မှာ  ဖော်ပြထားပါတယ်။ 

 

  • ဒီအချက်အလက်စစ်ဆေးထားတဲ့သတင်းကို ထုတ်နှုတ်တင်ပြရရင် 
    • အကြို လေ့လာစမ်းသပ်ချက်အရ ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ် ကုသတဲ့နေရာမှာ သုံးတဲ့ နည်းလမ်းတစ်မျိုးဖြစ်နိုင်ပါတယ်။
    • ဒါပေမယ့် ဒီလေ့လာစမ်းသပ်ချက်ဟာ ဓာတ်ခွဲခန်းထဲက လေ့လာစမ်းသပ်ချက်သာ ဖြစ်ပါသေးတယ်။
    • လူသားတွေနဲ့ စမ်းသပ်ရတာ မဟုတ်သေးပါဘူး။ ဒါ့ကြောင့်မို့လို့ ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်၊ ကုသနိုင်တယ်လို့  ဆုံးဖြတ်ပေးလို့ မရသေးပါဘူး လို့ ဆို ထားပါတယ်။
  • BBC သတင်းဌာန ကလည်း ဆေးခြောက်နဲ့ပတ်သက်တဲ့သတင်းတွေဟာ နားလည်မှုလွဲအောင် ခေါင်းစဉ် တပ်ပြီးရေးသားတဲ့သတင်းတွေဖြစ်ပြီး ဆေးခြောက်ကို ကုသဆေးလို့ပြောဖို့ရာ စောလွန်းနေသေးတယ် လို့ဆိုထားပါတယ်။
  • CNN သတင်းဌာန မှာတော့ ဆေးခြောက်အသုံးပြုတာဟာ ပိုပြီး ကုသရေးမှာ ပိုပြီး ရှုပ်ထွေးနိုင်တယ်လို့  ဖော်ပြထားပါတယ်။
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းWHO ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ဆေး၊ ကုသနိုင်တဲ့ ဆေး ဖော်ထုတ်နိုင်ပြီလို့ ယနေ့ထက်တိုင် မကြေညာသေးပါဘူး။

အထက်ပါအကြောင်းအချက်အလက်တွေကြောင့် ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ ဆေး၊ ကုသနိုင်တဲ့ဆေးဖြစ်တယ်လို့ ဆိုထားတဲ့ သတင်းတွေဟာ  ဖတ်ရှုသူကို နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားတွေ ဖြစ်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့လည်း ဒီလို သုတေသနဆိုင်ရာ သတင်းတွေကို ဖတ်ပြီဆိုရင် သုတေသန တွေ့ရှိချက်တွေဟာ ပြီးမြောက်တဲ့ တွေ့ရှိချက်တွေလားဆိုတာ နားလည်အောင် ဖတ်ဖို့လိုပါတယ်။ နောက်ပြီး ဒီဖြစ်ရပ်ကိုပဲ အခြား သုတေသနလုပ်တဲ့ သိပ္ပံပညာရှင် တွေကရော ဘယ်လို ထင်မြင်ယူဆကြသလဲ။ ဘယ်လို သုတေသနလုပ်ကြလဲဆိုတဲ့ သုတေသန ရဲ့ သဘောကို နားလည်ဖို့ဦးစွာလိုအပ်ပါတယ်။
တကယ်လို့

 သတင်းအချက်အလက်တွေဟာ များလွန်းလို့ ဖတ်ရတာ ရှုပ်ထွေးနေပြီး တိုက်ဆိုင်စစ်ဆေးတာတွေ၊ ထပ်မံရှာဖွေ ဖတ်ရှုတာတွေ မလုပ်နိုင်ဘူးဆိုရင်တော့ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို လာရောက်ပြီး သတင်းအမှား/အမှန် လာရောက်မေးမြန်းလို့ရပါတယ်။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။