ဟုတ်တယ်Vsမဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ ဒီမနက် (မေ ၂၁ ရက်) မှာ ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သတိပြုမိခဲ့ပြန်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်တွေက တူညီတဲ့ Caption တွေဖြစ်တဲ့ တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်း ဆိုတဲ့စာသားနဲ့အတူ အကောင့်အများအပြားက တင်ထားကြတာ ဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာပါဝင်တာတွေကတော့ ရေအပြည့်ဖြစ်နေတဲ့ လယ်ကွင်းတွေနဲ့ အဝေးပြေးလမ်းမပေါ် မှာ တုံးလုံးလဲနေတဲ့ကုန်ကားတွေကို ရိုက်ကူးထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။
အဲ့ဒီဗီဒီယိုဖိုင်က ပျံ့နှံ့မှုများနေတဲ့အတွက် အချက်အလက်စစ်ဆေးကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီး စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားဖြစ်ပြီး ယခင် ၂၀၁၈ ခုနှစ် က အိန္ဒိယနိုင်ငံအရှေ့ပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Cyclone Titli နဲ့ စပ်ဆက်တဲ့ ဗီဒီယိုဖိုင်ဖြစ်ကြောင်းကို စိစစ်တွေ့ရှိရတဲ့အတွက် အားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါတယ်။
Claim Request| တန်ချိန် ၃၀ ကျော်ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်းဆိုတဲ့ ဗီဒီယိုဖိုင်က တကယ်လား
Fact Check | သတင်းအမှားဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် က အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်ခဲ့တဲ့ Cyclone Titli ကြောင့်ပျက်ဆီးခဲ့တဲ့အဖြစ်အပျက် ဗီဒီယိုဖိုင်ကိုပြန်အသုံးပြုပြီး လှည့်ဖျားထားတာဖြစ်ပါတယ်။
သတင်းအမှားဖြစ်ကြောင်းကို ဘယ်လိုစစ်ဆေးသက်သေပြနိုင်သလဲဆိုရင်
ဗီဒီယိုဖိုင်နှစ်ခုကိုအသေးစိတ်တိုက်ဆိုင်စစ်ဆေးပုံ
ဗီဒီယိုဖိုင်နှစ်ခုကိုအသေးစိတ်တိုက်ဆိုင်စစ်ဆေးပုံ
ဗီဒီယိုဖိုင်နှစ်ခုကိုအသေးစိတ်တိုက်ဆိုင်စစ်ဆေးပုံ
အထက်ပါအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတဲ့အခါမှာတော့ ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတဲ့ တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်း ဆိုတဲ့စာသားနဲ့တင်ထားတဲ့ ဗီဒီယိုကလက်ရှိဖြစ်ပျက်ခဲ့တဲ့မဟုတ်ဘဲ ၂၀၁၈ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ဗီဒီယိုကို ပြန်အသုံးပြုလှည့်ဖျားထားတယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။
Facebook ပေါ်က Video တိုင်းဟာ ယုံကြည်လို့မရဘူးဆိုတာ ဒီဖြစ်ရပ်တွေကသက်သေပြနေတဲ့အတွက် စိတ်ခံစားလွယ်တဲ့ သတင်းတွေရဲ့ Video တွေဆိုရင် အရင်ဆုံး စိစစ်ပြီးမှ Share ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ တကယ်လို့ စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ Messenger Bot ကိုသာ ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screen Shot ကို ပေးပို့ ပြီးစစ်ဆေးခိုင်းလို့ရပါတယ်။