ဟုတ်တယ်Vsမဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးတဲ့သူတွေဟာ အခုရက်ပိုင်းမှာ ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတစ်ခုကိုသတိပြုမိခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ တရားဟောဆရာ ဒေးဗစ်လားဝေဘာဂီ မှ ဆင်းလာပြီးနောက် သူနဲ့အတူဘုရားကိုယုံကြည်သူများလုံးဝ Mask မတပ်ပါဆိုပြီး တော့ခေါင်းစဉ်တပ်ထားတဲ့သတင်းပဲဖြစ်ပါတယ်။
ဒီသတင်းကို အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ယခင်က ဗီဒီယိုဖိုင်ဟောင်းကိုပြန်တင်ထားပြီးတော့ လက်ရှိဖြစ်ပျက်သယောင်လုပ်ကြံဖန်တီးထားတဲ့သတင်းအမှားဖြစ်နေတယ်ဆိုတာကိုစိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် အားလုံးကို သတိပြုမိစေဖို့အတွက် ဝေမျှရခြင်းဖြစ်ပါတယ်။
သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက်
ပျံ့နှံ့နေတဲ့သတင်းကိုတော့ Clickbait website တစ်ခုကနေ မေလ ၁၂ ရက်က ပြန်တင်ထားတာဖြစ်ပြီးတော့ ဒေးဗစ်လားဝေဘာဂီ မှ ဆင်းလာပြီးနောက် သူနဲ့အတူဘုရားကိုယုံကြည်သူများလုံးဝ Mask မတပ်ပါ ဆိုတဲ့ ဗီဒီယိုဖိုင် ဆိုပြီး ခေါင်းစဉ်တပ်ထား ပါတယ်။ ပြီးတော့ ဗီဒီယိုဖိုင်လင့်ခ် တစ်ခုကိုထည့်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်လင့်ခ်ကိုနှိပ်လိုက်မယ်ဆိုရင် သတင်းပေါင်းစုံဆိုတဲ့ Facebook စာမျက်နှာက ဧပြီ ၂၄ ရက်ကတင်ထားတဲ့ ဗီဒီယိုဖိုင်ကိုရောက်ရှိသွားမှာဖြစ် ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ကလည်း ဆရာဒေးဗစ်လား ဘုရားသခင် ကျေးဇူးတော်ကြောင့် ဝေဘာဂီ မှ ပြန်လည်ဆင်းသက်လာပါဘီ ဆရာဒေးဗစ်လားနဲ့အတူ ဘုရားကိုယုံကြည်သူများလုံးဝ လုံးဝ Mask မတပ်ပါ ဆိုပြီးရေးသားထားပါတယ်။ ဒီလင့်ခ် မှာ ကြည့်ရှုနိုင်ပါတယ်။
Claim request| ဒေးဗစ်လား ဝေဘာဂီကဆင်းလာပြီးတော့ လူစုလူဝေးနဲ့ တရားဟောခဲ့တဲ့ဗီဒီယိုဖိုင်သတင်းက အမှန်လား
Fact Check| သတင်းအမှားဖြစ်ပါတယ်။ ယခင်ကဗီဒီယိုဖိုင်အဟောင်းကိုပြန်အသုံးပြုပြီး လက်ရှိဖြစ်ပျက်နေသယောင်သတင်းအမှားဖန်တီးထားတာဖြစ်ပါတယ်။
သတင်းအမှားမှန်းဘယ်လိုစစ်ဆေးသက်သေပြနိုင်လဲ
Invid Video tool kit ဖြင့် ပုံရိပ်တွေကိုဖမ်းယူပုံ
Google Search တွင် Keyword ဖြင့် ရှာဖွေစစ်ဆေးပုံ
Google video search မှာ Keyword ဖြင့် ရိုက်ပြီး ဗီဒီယိုဖိုင်ကိုရှာဖွေပုံ
New Creation Center Myitkyina Facebook page မှတင်ထားသည့်ပုံတွင် ဗီဒီယိုတွင်ပါဝင်သည့်ဆိုင်းဘုတ်ပါအဆောက်အဦးကိုတွေ့ရပုံ
အထက်ပါအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာတော့ ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတဲ့ ဒေးဗစ်လား ဝေဘာဂီ မှ ဆင်းလာပြီးနောက် သူနဲ့အတူဘုရားကိုယုံကြည်သူများလုံးဝ Mask မတပ်ပါ ဆိုတဲ့ သတင်းဗီဒီယို ဖိုင်က ယခင်က ဗီဒီယိုအဟောင်းကိုအသုံးပြုပြီးတော့ လက်ရှိဖြစ်ပျက်နေသယောင်ဖန်တီးထားတဲ့ သတင်းအမှားမှန်း သက်သေပြလို့ ရပါတယ်။
လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကို မယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ယုံကြည်သင့်ပါတယ်။
သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ မေးမြန်း စိစစ်ခိုင်းလို့ရနေပါပြီ။