ဧပြီ ၂၈ ရက်နေ့တွင် တင်ခဲ့သော ဗီဒီယိုနှင့် ပက်သက်၍ ခေါင်းစဉ်အမှားအား အမှားပြင်ဆင်ချက်

အမှားပြင်ဆင်ခြင်းနှင့် ဟုတ်တယ် Vs မဟုတ်ဘူး ပရိသတ်အား အသိပေး တောင်းပန်ခြင်း 


ဟုတ်တယ် Vs မဟုတ်ဘူး စာမျက်နှာတွင် ဧပြီ ၂၈  ရက် ကြာသပတေးနေ့ ည ၈နာရီ ၄၈ မိနစ်တွင် တင်ခဲ့သော Fact-checking video အတွက်  စာသားနေရာတွင် “ ဘီလ်ဂိတ်ရဲ့ ပုံတွေကိုအသုံးပြုပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် အလုပ်သမားခေါ်ယူခြင်း ဆိုတဲ့ သတင်းအမှား’’ စာသားအမှန်အစား ” AA ဆေးဝါးကုမ္ပဏီ ပိုင်ရှင်တွေရဲ့ ဓာတ်ပုံကို အသုံးပြုပြီး ဆန်တစ်အိတ်၊ဆီတစ်ဗူး လှူဒါန်းပေး မယ်ဆိုတဲ့ သတင်းအမှား” စတဲ့ စာသားကို မတော်တဆမှားယွင်းဖော်ပြမိသည့်အတွက် ဟုတ်တယ် Vs မဟုတ်ဘူး ပရိတ်သတ်များကို အထူးပင် တောင်းပန်အပ်ပါသည်။ 

မှားယွင်းဖော်ပြ မိသည်ဟု သိရသည်နှင့်တစ်ပြိုင်နက်  စာသားအမှန်ကို ပြောင်းလဲပြင်ဆင်ခဲ့ပြီးဖြစ်ပါသည်။

ဟုတ်တယ် Vs မဟုတ်ဘူး ပရိသတ်များကို အလေးထားမှုဖြင့် မှားယွင်းသွားသောအကြောင်းအရာအား ထပ်မံ အသိပေးကြေညာခြင်းဖြစ်ပါသည်။ နောင်တွင် ပိုမိုဂရုပြုအလေးထားသွားမည်ဖြစ်ကြောင်းလည်း ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားများမှ အသိပေးအပ်ပါသည်။