Fact check|အန္တရာယ်ကြီးမားတဲ့ ဆေးဝါးဆိုင်ရာသတင်းအမှားကိုဖြန့်ပြီး စီးပွားရှာနေတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်တစ်ခုအကြောင်း

ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ မတ်လ ၃၀ ရက်မှာ အန္တရာယ်ကြီးမားတဲ့ဆေးဝါး ဆိုင်ရာသတင်းအမှားတစ်ခုကိုဖန်တီးပြီးစီးပွားရှာနေတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ် တစ်ခုကို သတိပြုမိခဲ့ပါတယ်။ အဲ့ဒီ သတင်းမီဒီယာ အယောင်ဆောင်ဝဘ်ဆိုက်ဒ်ဟာ  COVID 19 ကိုရိုနာ ရောဂါပျောက်ကင်းနိုင်တဲ့ ဆေးတစ်မျိုး မြန်မာနိုင်ငံ တွင်တွေ့ရှိ ဆိုတဲ့ခေါင်းစဉ်နဲ့အန္တာရယ်ကြီးမားတဲ့ ဆေးဝါးဆိုင်ရာသတင်းအမှားတစ်ခုကိုရေးသားပြီး အကောင့်အတု ၂ ခုက မန်ဘာဦးရေအများအပြားရှိနေတဲ့ Facebook Group တွေဆီကိုဦးတည်ပြီး သွားရောက်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

 အန္တရာယ်ကြီးမားတဲ့ ဆေးဝါးဆိုင်ရာသတင်းအမှားတွေအပါအ ဝင် သတင်းအမှားတွေကိုဖြန့်နေတဲ့ ဒီဝဘ်ဆိုက်ဒ်ကဖော်ပြလာတဲ့သတင်းအမှားတွေကိုမယုံကြည်ဖို့လိုအပ်ပါ တယ်။

ဆေးဝါးဆိုင်ရာ သတင်းအမှားကို Groupတွေထဲ အများဆုံး သွားရောက်ဖြန့်ဝေခဲ့တဲ့ အကောင့် ၂ကောင့်ရှိပြီးတော့ အဲ့ဒီ အကောင့်တွေကလည်း အကောင့်အတုတွေဖြစ်သလို တစ်ဦးတည်းကပဲ ဖွင့်လှစ်အသုံးပြုထားတယ်လို့ ယုံကြည်ရပါတယ်။ အကောင့်အတု ၂ခုစလုံးမှာ  တူညီတဲ့ဖော်ပြမှုကိုယ်စီဖြစ်တဲ့ အလုပ်အကိုင်နေရာမှာ Mobile Crane Operator at Facebook App ဆိုပြီးဖော်ပြထားကြပါတယ်။ 

 

တူညီတဲ့အကောင့်တစ်ခုမှသတင်းအမှားကို Group များတွင်သွားရောက်ဖြန့်ဝေထားသည်ကိုတွေ့ရပုံ

 

တူညီတဲ့အကောင့်တစ်ခုမှသတင်းအမှားကို Group များတွင်သွားရောက်ဖြန့်ဝေထားသည်ကိုတွေ့ရပုံ

Group များတွင် သတင်းအမှားကိုဖြန့်ဝေထားသည်ကိုတွေ့ရပုံ

 

 

အခုလိုမျိုးကိုရိုနာဗိုင်းရပ်စ်ကိုဗစ်-၁၉ ကြောင့် လူထုကြားမှာ စိုးရိမ်စိတ်တွေမြင့်တက်နေတဲ့ အချိန်မှာပဲ လွဲမှားပြီးအန္တရာယ်ရှိတဲ့ ဆေးဝါးဆိုင်ရာသတင်းအမှားတစ်ခုဖြစ်တဲ့ COVID 19 ကိုရိုနာ ရောဂါပျောက်ကင်းနိုင်တဲ့ ဆေးတစ်မျိုး မြန်မာနိုင်ငံ တွင်တွေ့ရှိ ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းအမှားတစ်ခုကို လူမှုမီဒီယာအသုံးပြုသူ ထောင်နဲ့ချီက ပြန်လည်ဝေမျှလာကြတာတွေ့တဲ့အတွက် အချက်အလက်စစ်ဆေးပြီး သတင်းအမှားမှန်းအားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါတယ်။ 

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်

 

သတင်းအမှား မှာ ဖော်ပြထားတဲ့ဆေးဝါးက ငှက်ဖျားရောဂါအတွက်ထုတ်လုပ်ထားတဲ့ Chlorofos ဆိုတဲ့ ဆေးဝါးပဲဖြစ်ပါတယ်။ အဲ့ဒီဆေးဝါးဟာ chloroquine Base ဆေးဝါးဖြစ်ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေရှိတဲ့ အတွက် ဆရာဝန်ထောက်ခံချက် လက်မှတ်ပါမှသာ ဝယ်ယူ၊ ရောင်းချရတဲ့ဆေးဝါးဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့က မတ်လ ၂၉ရက်က သတိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒီလင့်ခ် မှာ သတင်းအပြည့်အစုံကိုသွားရောက်ဖတ်ရှုနိုင် ပါတယ်။ 

 

ငှက်ဖျားဆေးတွေက ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ကို ပျောက်ကင်းကုသနိုင်စွမ်းရှိတယ် ဆိုပြီး အမေရိကန်သမ္မတထရန့်ရဲ့ အချက်အလက်မရှိပဲလက်လွတ်စပယ်ပြောဆိုခဲ့မှုကြောင့် ကမ္ဘာတစ်ဝှမ်း မှာ ငှက်ဖျားဆေးဝါးတွေဝယ်လိုအားမြင့်တက်ခဲ့ပြီး လူတွေက မိမိကိုကိုယ် ကုသရာကနေ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအကြောင်း သတင်းတွေကို ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ် တွေမှာ သွားဖတ်ရှုနိုင်ပါတယ်။ 

 

နိုက်ဂျီးရီးယားနိုင်ငံမှာလည်း အမေရိကန်သမ္မတ ထရမ့်ရဲ့ အချက်အလက်အမှားတွေနဲ့ပြောဆိုခဲ့တဲ့ သက်ရောက်မှုတစ်စိတ်တစ်ဒေသအဖြစ်  ငှက်ဖျားဆေးတွေနဲ့ မိမိကိုကိုယ်ကုသမှုတွေကြောင့် အနည်းဆုံး လူ ၃ဦး အဆိပ်အတောက်ဖြစ်ခဲ့ပြီးတဲ့နောက်မှာနိုက်ဂျီးရီးယားကျန်းမာရေးအရာရှိတွေက လူတွေကို သတိပေးခဲ့ရပါတယ်။ ဒီလင့်ခ် မှာသွားဖတ်ရှုနိုင်ပါတယ်။ 

 

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကို မယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ယုံကြည်သင့်ပါတယ်။

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။