Fact check | ရန်ကုန်ဆေးရုံကြီးမှာ ပိုးတွေ့လူနာ ၃၃ဦးရှိနေတယ်ဆိုတဲ့ အသံဖိုင်သတင်းအမှား

ရန်ကုန်ဆေးရုံကြီးမှာ ပိုးတွေ့ လူနာ ၃၃ဦးရှိနေပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ် Messenger ကနေ ပျံ့နှံ့နေပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တဲ့ လူနာ ၃၃ဦးတောင်ရှိပြီဆိုပြီး အမျိုးသမီးတစ်ဦးက ပြောကြားထားတဲ့ အဲဒီအသံဖိုင်ဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဘာလို့ သတင်းအမှားလို့ပြောရလဲဆိုရင်

  • သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း သူ့အကောင့်မှာ ဒီသတင်းဟာ သတင်းမှား ဖြစ်ကြောင်းနဲ့ အဲဒီအသံဖိုင်ပိုင်ရှင်  အမျိုးသမီးကို ရှာဖွေနေကြောင်း ရေးသားထားပါတယ်။ ဒီလင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။
  • ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာမရှိသေးကြောင်းကိုလည်း ရန်ကုန်ဆေးရုံကြီးရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေတဆင့် ပြန်လည်ဖြေရှင်းထားပါတယ်။ ဒီလင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။

ဒီလို အတည်မပြုနိုင်တဲ့ သတင်းအရင်းအမြစ်တွေဆီက ရလာတဲ့ ဘယ်လိုသတင်းအချက်အလက်မျိုးကို မဆို ပြန်လည်မမျှဝေဖို့ အရေးကြီးပါတယ်။သတင်းဌာနတွေ၊အစိုးရဝန်ကြီးဌာနတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပါ။ ဟုတ်တယ် vs မဟုတ်ဘူး ကို မေးမြန်းပါလို့ အကြံပေးပါရစေ။