လူမှုမီဒီယာပေါ်မှာ သင့်ရဲ့ အပြုအမူအလေ့အထတွေကိုပြောင်းလဲခြင်းအားဖြင့် COVID-19 နှင့် ပတ်သက်သည့် သတင်းအမှား/သတင်းအတုအယောင်များကို ကန့်သတ်လျော့ချပစ်လိုက်ပါ

Photo: cbc.ca

လက်ရှိ ကမ္ဘာကြီးမှာရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 ရဲ့အကျိုးသက်ရောက်မှုက ကျန်းမာရေးသာ မကပဲ အခြားသော လူမှုရေး စီးပွားရေး အခြေအနေတွေကိုပါဆိုးကျိုးတွေသက်ရောက်နေပါတယ်။ အပြင် လောကမှာ ဆိုးကျိုးတွေသက်ရောက်နေသလိုပဲ လူမှုမီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှား/သတင်းအတု ယောင်တွေကလည်း လူတွေကို ထိတ်လန့်ကြောက်ရွံ့စေရုံသာမကဘဲ ကူးစက်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရပ် တန့်ဖို့ကြိုးစားနေတဲ့ ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အလုပ်ကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ 

ကမ္ဘာတစ်၀ှမ်းလုံးမှာရှိတဲ့ နိုင်ငံပေါင်းစုံက ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေဟာ လူတွေကို Covid-19 ဗိုင်းရပ်စ် ကူးစက်မှုကရှောင်ရှားနိုင်ဖို့အတွက် 

  • လက်ကိုမကြာခဏဆေးကြောဖို့ 
  • လူစုလူဝေးတွေကိုရှောင်ရှားဖို့ နဲ့ 
  • တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာတွေကိုခံစားရရင် မိမိနေအိမ်မှာပဲနေထိုင်ဖို့အတွက် အကြံပြုထားကြ ပါတယ်။ 

ဒီလိုမျိုး ကျန်းမာရေးအာဏာပိုင်တွေက ဗိုင်းရပ်စ်ပြန့်နှံ့မှုကိုလျှော့ချဖို့ကြိုးစားနေတာနဲ့အမျှ အခြားတစ်ဘက်ဖြစ်တဲ့ လူမှုမီဒီယာတွေပေါ်မှာတော့ သတင်းအမှား/သတင်းအတုအယောင် တွေဟာ ပျံ့နှံ့နေပါတယ်။

ဂရိတ်ဗြိတိန်က သုတေသီတွေရဲ့လေ့လာချက်အရ Covid-19 နဲ့ပတ်သက်တဲ့ သတင်းအမှား/သတင်းအတု အယောင်တွေဟာ လူတွေကို ထိတ်လန့်ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေရုံမကဘဲ မှားယွင်းနေတဲ့အချက်တွေ အကြံဉာဏ်တွေကို လူတွေလိုက်နာဖို့အတွက်တွန်းအားပေးစေတဲ့အတွက် ဗိုင်းရပ်စ်ပြန့်ပွားမှုနဲ့ရောဂါဖြစ်ပွားကို ပိုမိုဆိုးရွားစေတယ်လို့ဆိုပါတယ်။ (ဥပမာ မှားယွင်းပြီးအန္တရာယ်ရှိတဲ့ကျန်းမာရေးသတင်းအချက်အလက်အမှား တွေကြောင့် အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့အရက်ပြင်းတွေသောက်ရာကနေ လူအများအပြားသေဆုံးခဲ့တဲ့ ဖြစ်စဉ်မျိုးပါ။ ဒီလင့် ကနေသွားရောက်ဖတ်ရှုနိုင်ပါတယ်။ )

 

နိုင်ငံတကာက အချက်အလက်စစ်ဆေးရေးအဖွဲ့တွေဟာလည်း မကြုံစဖူးများပြားနေတဲ့ လူမှုမီဒီယာပေါ်က သတင်းအမှား/သတင်းအတုအယောင်တွေကို စောင့်ကြည့်ပြီး တန်ပြန်မှုတွေပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံမှာ လည်းလူမှုမီဒီယာဖြစ်တဲ့ Facebook ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှားတွေ/ သတင်းအတုအယောင်တွေကြောင့် လူထုကြားမှာ စိုးရိမ်ထိတ်လန့်မှု တွေရှိလာပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ လူမှုမီဒီယာမှာရှိတဲ့ သူငယ်ချင်းတွေကို သတင်းအမှား/သတင်းအတုအယောင်တွေပျံ့နှံ့မှုကနေရှောင်ရှားနိုင်ဖို့အတွက် မိတ်ဆွေကိုယ်တိုင်လိုက်နာဆောင် ရွက်နိုင်တဲ့အကြံပြုချက်တွေကို ဟုတ်တယ်  Vs မဟုတ်ဘူးကနေ  CBC News ရဲ့ဆောင်းပါးတစ်ခုကို မှီငြမ်း ကိုးကား ဘာသာပြန်ထားတာကိုဝေမျှပေးလိုက်ပါတယ်။ 

 

မိမိသိတဲ့ ယုံကြည်စိတ်ချရသော ပြည်တွင်းသတင်းမီဒီယာသတင်းအရင်းအမြစ်တွေရဲ့ သတင်းတွေပဲမျှဝေပါ

လူမှုမီဒီယာကိုအသုံးပြုပြီး ကမ္ဘာကြီးကိုချုံ့ပစ်လို့ရပါတယ်။ ကမ္ဘာပေါ်ကလူတွေဟာ လူမှုမီဒီယာကနေတဆင့် အချင်းချင်း သတင်းအချက်အလက်တွေကိုမြန်မြန်ဆန်ဆန် မျှဝေနိုင်လာကြပါတယ်။ ဒါပေမယ့် လူမှုမီဒီယာ ပေါ်က သတင်းအချက်အလက်တွေဆိုတာ သာမာန်အချိန်တွေမှာတောင် ယုံကြည်စိတ်ချရတဲ့သတင်းအရင်းအ မြစ်ဟုတ်မဟုတ်ဆိုတာပြောရခက်တဲ့အတွက် အခုလို အကျပ်အတည်းကာလ၊ အရေးပေါ်ကာလတွေမှာဆို ပိုပြီး တောင် ပြောရခက်ပါတယ်။ ဒါကြောင့် လူမှုမီဒီယာပေါ်မှာ သတင်းအချက်အလက်တစ်ခုခုကို မျှဝေမယ်ဆိုရင်

သင်သိတဲ့ ယုံကြည်စိတ်ချရနိုင်တဲ့ သတင်းအရင်းအမြစ်တွေရဲ့ သတင်းတွေကိုပဲ ပြန်လည်မျှဝေပါ။ 

တကယ်လို့သင့်အနေနဲ့လူမှုမီဒီယာပေါ်ကသတင်းတစ်ခုကိုပြန်လည်မျှဝေချင်တယ်ဆိုရင်အဲ့ဒီ လူမှုမီဒီယာအကောင့် ဒါမှမဟုတ် စာမျက်နှာက သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းရေးသားထုတ်လွှင့်နေတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာန ဟုတ်မဟုတ် သေချာဖို့ဆန်းစစ်ဖို့လိုပါတယ်။ မဟုတ်ရင် မဝေမျှပါနဲ့။ 

နောက်ထပ်လူမှုမီဒီယာပေါ်မှာ မြင်တွေ့ရလေ့ရှိတဲ့ Covid-19 ကိုသက်သာပျောက်ကင်းစေနိုင်မယ့်နည်းလမ်းတွေ ဒါမှမဟုတ်ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေနဲ့ပတ်သက်လို့ရေးသားဖော်ပြထားတွေကို တွေ့ရင်လည်း အထက်မှာ ဖော်ပြထားတဲ့အတိုင်းကျင့်သုံးပါ အစိုးရကျန်းမာရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေ၊  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေ ရဲ့ ထုတ်ပြန်ချက်တွေကို ပဲယုံကြည်ပါ။

တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ဖန်တီးထားတဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေကို သတိပြုပါ

လူမှုမီဒီယာတွေပေါ်မှာ ဗီဒီယိုတွေ ဓာတ်ပုံတွေကို အသုံးချပြီး သတင်းအမှား/သတင်းအတုအယောင်ဖန်တီးမှု တွေက သာမာန်အခြေအနေတွေမှာတောင် အများအပြားရှိပါတယ်။ အခုလိုမျိုးအကျပ်အတည်းကာလတွေမှာဆို  သတင်းအမှား/သတင်းအတုအယောင်တွေဟာဗီဒီယိုတွေ/ဓာတ်ပုံတွေနဲ့ ထွက်ပေါ်လာလေ့ရှိပါတယ်။ 

ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေ/ပုံတွေကို ကြည့်လိုက်တဲ့အခါ 

နေရာဒေသအတည်ပြုနိုင်ခြင်းမရှိတဲ့နေရာတွေမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူတွေက

ဘယ်အချိန်တုန်းက ရိုက်ကူးခဲ့တဲ့ ဗီဒီယိုတွေမှန်းမသိပေမယ့် လက်ရှိဖြစ်ပျက်နေသယောင်နဲ့ ရေးသား ဖြန့်ဝေပြီး လူမှုမီဒီယာပေါ်မှာ သတင်းအမှားသံသရာလည်နေတာ တွေက အများအပြားရှိပါတယ်။ ဥပမာတစ်ခုက ဟောင်ကောင်ဆန္ဒပြသူတွေကိုရဲတပ်ဖွဲ့က ဖြိုခွင်းတာကို ဟောင်ကောင်မှာ ဗိုင်းရပ်စ်ကူးစက်သူတွေကို ရဲတပ်ဖွဲ့နဲ့အင်အားသုံးဖမ်းဆီးနေပြီ ဆိုပြီး သတင်းအမှားဖန်တီးတာပါ။ ဒါကြောင့် ဖေ့ဘွတ်ခ်နဲ့ တွစ်တာတွေမှာပျံ့နှံ့နေတဲ့ ထိလွယ်ရှလွယ် ဗီဒီယိုဖိုင်တွေကို တွေ့ရင် ချက်ခြင်း ပြန်လည်မျှဝေမယ့် အစား မူရင်းသတင်းအရင်းအမြစ်ကိုရှာဖွေပြီး ဆန်းစစ်သင့်ပါတယ်။

 

ထင်ကြေးပေးတာ မျိုးကို ရှောင်ရှားပါ 

အနာဂတ်ကိုဘယ်သူမှ ကြိုတင်ဟောကိန်းထုတ်လို့မရပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 အကျပ်အတည်း ကလည်း လျင်လျင်မြန်မြန်ကိုပြောင်းလဲနေတာပါ။ မနေ့က မှန် ပေမယ့် ဒီနေ့ မှန်ချင်မှမှန်မှာပါ။ ဒါကြောင့် မနက်ဖန်မှာ ဘာဖြစ်လာနိုင်တယ်ဆိုတဲ့  ထင်မြင်ချက်ပေးထားတဲ့ ပို့စ်တွေကို ဝေမျှတာမျိုးကိုရှောင်ရှားသင့် ပါတယ်။ အကျပ်အတည်းကာလတောက်လျှောက်မှာ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေရဲ့ သတင်းတွေကိုပဲယုံကြည်ပါ။ ယုံကြည်စိတ်ချရခြင်းမရှိတဲ့အခြေအမြစ်မရှိတဲ့သတင်းအချက်အလက်အမှားတွေ/ အလွဲတွေ/ကြိုတင်ခန့်မှန်းချက်တွေက လူတွေကိုပိုပြီးထိတ်လန့်ကြောက်ရွံ့စေနိုင်ပါတယ်။

 

ဆူညံသံကိုလျော့နည်းအောင် နေထိုင်ပါ

လူမှုမီဒီယာဆိုတာ အလွယ်နားလည်သဘောပေါက်အောင်ပြောရရင် မိမိပြောချင်တာ အော်ချင်တာတွေကို ကြားခံအဖြစ်အသုံးချလို့ရတဲ့နေရာတစ်ခုပါ။ လူတစ်ယောက် အော်လံနဲ့ အရပ်ထဲမှာ လှည့်ပြီး အော်ဟစ် အသိပေးတဲ့ ဥပမာနဲ့ပြောရရင် လူမှုမီဒီယာဆိုတာ အော်လံ တစ်ခုလို့ဆိုရင်ရပါတယ်။ လက်ရှိ Covid-19 နဲ့ပတ်သက်ပြီးလူတိုင်းကစိုးရိမ်ပူပန်မှုတွေရှိနေတဲ့အချိန်ဖြစ်ပါတယ်။ လူမှုမီဒီယာကနေ ကိုယ်က စိုးရိမ်စိတ်နဲ့ သတင်းအချက်အလက်အမှားတွေကိုဝေမျှမိမယ်ဆိုရင် လူမှုမီီဒယာဆူညံသံကိုပိုပြီး ကျယ်လောင်စေမှာပါ။ 

ဒါကြောင့် သင့်အနေနဲ့  ပို့စ်ကို မျှဝေခင် မိမိကိုကိုယ် မေးခွန်းအနည်းငယ်ပြန်လည်မေးသင့်ပါတယ်။ 

  • ဒီသတင်းက အမှန်တကယ် မျှဝေဖို့ လိုအပ်လား
  • ငါဘာလို့ဒါကိုမျှဝေချင်တာလဲ 
  • ငါဟာ ကြောက်ရွံ့စိတ်တွေနဲ့ ရှုပ်ထွေးမှုတွေကိုဖြန့်ဝေနေလား 
  • ငါ့သူငယ်ချင်းတွေကိုငါအကူအညီပေးနေတာလား 

စတဲ့ အချက်တွေကို သေသေချာချာစဉ်းစားပြီးတော့မှ လူမှုမီဒီယာပေါ်မှာ ပို့စ်တင်တာတွေ ပြန်လည်ဝေမျှတာတွေကိုပြုလုပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ တတ်နိုင်သမျှ လူမှုမီဒီယာပေါ်မှာ ဆူညံသံတွေမလုပ်မိအောင်နေတာပေါ့။ ဒါကြောင့် တွေ့သမျှသတင်းတိုင်းကို အမှား/အမှန်မခွဲခြားမစိစစ်ပဲ ဝေမျှတာတွေကိုရှောင်ရှားပါ။ 

 

” အသက် ဝဝရှူပါ “

လူမှုမီဒီယာက သင့်ကို ဆင်ကန်းတောတိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သတင်းအစိတ်အပိုင်းတစ်ခုကို မဝေမျှခင်
အသက်ကိုဝအောင်အရင်ရှူပါ။

သင်ဝေမျှတော့မယ့်အကြောင်းကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်ပါ။ 

ထပြီးတော့ ကော်ဖီတစ်ခွက်ကိုဖျော်သောက်လိုက်ပါ။

ဒါမှမဟုတ် အိမ်ထဲမှာပတ်ပြီးလမ်းလျှောက်ပါ။

အပင်တွေကိုရေလောင်းပါ။

သင့် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ပေးပါ။  

သတင်းအမှားတွေကို လူမှုမီဒီယာမှာ ဝေမျှမယ့်အစား ဒီလိုမျိုးတွေလုပ်နေရင်တောင် သင့်မိတ်ဆွေတွေနဲ့ လူ့အဖွဲ့အစည်း က
သင့်ကို ပိုပြီး ကျေးဇူးတင်နေပါလိမ့်မယ်။