Fact Check | လူငယ်တစ်ဦးအား AA ဟု စွပ်စွဲကာ တပ်မတော်က ဓားဖြင့်လှီး ၊ မီးရှို့သတ်ခဲ့တယ် ဆိုတဲ့ သတင်းအမှား

ဘူးသီးတောင်မြို့နယ်က အသက် ၁၈နှစ်အရွယ် လူငယ်တစ်ဦးကို တပ်မတော်က  ဓားနဲ့လှီးပြီး မီးရှို့သတ်ပစ်တယ်ဆိုတဲ့ သတင်းတစ်ပုဒ်‌ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ ဒီသတင်းမှာ ပါဝင်တဲ့ အကြောင်းအရာနဲ့ သတင်းဓာတ်ပုံတွေကို မသင်္ကာလို့ စစ်ဆေးကြည့်တဲ့အခါမှာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။

  • ဘူးသီးတောင်မြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီလို ဓားနဲ့လှီးပြီး မီးရှို့သတ်ပစ်တယ်ဆိုတဲ့သတင်းကို တပ်မတော်ရဲ့ ဝက်ဘ်ဆိုဒ် မှာရော AA ရဲ့ဝက်ဘ်ဆိုဒ်မှာ ပါ မတွေ့ရပါဘူး။
  • ဒီလို တရားဝင်သတင်းထုတ်ပြန်တဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြမထားတဲ့အပြင် မီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်း   မီဒီယာတွေမှာလည်း ဒီသတင်းကိုဖော်ပြမထားပါဘူး။
  • သတင်းမီဒီယာတွေက ဖော်ပြချက်တွေကို တိုက်ဆိုင်စစ်ဆေးရာမှာ တကယ်တော့ ဒီသတင်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတာမြို့နယ်မှာ ဖြစ်ပွားတဲ့ မှုခင်းဖြစ်ရပ်တစ်ခု ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အသက် ၁၃နှစ်အရွယ် က‌လေးငယ်တစ်ဦး မီးရှို့ခံရတာလို့ သိရပါတယ်။ Eleven Media က‌ ဖော်ပြထားတဲ့သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့သတင်းအပြည့်အစုံကိုလည်း ဒီလင့်ခ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ စာဖတ်သူတွေအနေနဲ့ သတင်းတွေကို ဖတ်ရှုတဲ့အခါမှာ ဒီလို တရားဝင် ထုတ်ပြန်ချက်တွေနဲ့ မီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ဖို့လိုပါတယ်။ တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် စိစစ်မေးမြန်းလို့ရပါတယ်။