မိတ်ဆက်

ဟုတ်တယ်Vsမဟုတ်ဘူး ရဲ့ ကဏ္ဍသစ်တစ်ခုဖြစ်တဲ့ အချက်အလက်စုစည်းမှု ကဏ္ဍ တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ ကဏ္ဍသစ်ရဲ့ ပထမဆုံးအနေနဲ့ လက်ရှိမှာ လူထုကြားစိုးရိမ်မှုတွေဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ် နဲံ့ ပတ်သက်တဲ့ သတင်းတွေကို အချက်အလက်စစ်ဆေးပြီးစုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒီသတင်းအချက်အလက်တွေ ကို တစ်နေ့လျှင်တစ်ကြိမ် Update လုပ်ပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နောက်ထပ် အလားတူလူထုကြားပျံ့နှံ့နေတဲ့ ဖြစ်ရပ်များကိုလည်း သတင်းအမှား/အမှန်ခွဲခြားရလွယ်ကူစေဖို့အတွက် အချက်အလက်စုစည်းပြီး ဖော်ပြပေးသွားပါမယ်။