Fact Check | အမေရိကန်စစ်သားတွေ စစ်ထွက်သွားတယ်ဆိုတဲ့ ဓာတ်ပုံအမှားတွေ

 

အမေရိကန်နိုင်ငံနဲ့အီရန်နိုင်ငံ စစ်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာအမေရိကန်စစ်သားတွေက စစ်ထွက်သွားတယ်ဆိုတဲ့ ဓာတ်ပုံအမှားတွေပျံ့နှံ့နေပါတယ်။ ဒီဓာတ်ပုံအမှားတွေကို မြန်မာနိုင်ငံကလူတွေကလည်း Share ပြုလုပ်နေကြတာတွေတွေ့ရလို့ ဒီဓာတ်ပုံတွေဟာ စစ်ထွက်သွားတဲ့ဓာတ်ပုံတွေမဟုတ်ကြောင်း ဟုတ်တယ် vs မဟုတ်ဘူးက ရှင်းပြပါမယ်။

(၁)ဒီဓာတ်ပုံတွေထဲက အများစုဟာ အမေရိကန်စစ်သားတွေစစ်ပွဲအပြီး အိမ်ပြန်လာကြတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးက Google Image Search တို့ Yandex တို့နဲ့စစ်ဆေးပြီး ဒီဓာတ်ပုံတွေဟာ ပုံအဟောင်းတွေဖြစ်ကြောင်း၊အခုမှ အီရန်ကို စစ်ထွက်သွားတဲ့ အမေရိကန်စစ်သားတွေရဲ့ ဓာတ်ပုံတွေမဟုတ်ကြောင်း သိရခြင်းဖြစ်ပါတယ်။

 

ပထမဓာတ်ပုံက ၂၀၁၇ခုနှစ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
ဒီလင့်ခ်မှာ ဝင်ကြည့်လို့ရပါတယ်။
https://imgur.com/gallery/1pMv1/comment/1168799741

ဒုတိယဓာတ်ပုံကတော့ ၂၀၁၀ခုနှစ်မှာ အီရတ်ကနေ အမေရိကန်နိုင်ငံကိုအပြန်မှာ
ရိုက်ကူးထားတဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ဒီလင့်ခ်မှာ ဝင်ကြည့်လို့ရပါတယ်။
https://www.nbcnews.com/slideshow/nbcnewsphoto/the-week-in-pictures-38868844

ဒီလိုပဲ ကျန်တဲ့ဓာတ်ပုံတွေဟာလည်း ဓာတ်ပုံအဟောင်းတွေသာဖြစ်ပါတယ်။

(၂)နောက်တစ်ခုကတော့ ဒီဓာတ်ပုံတွေကို တင်တဲ့ ပေ့ချ်ရဲ့ Page Transparency နဲ့ သူတို့တင်သမျှအကြောင်းအရာတွေကို ဝင်ဖတ်ကြည့်တဲ့အခါမှာ ဒီပေ့ချ်ဟာ ကမ္ဘောဒီးယားနိုင်ငံက ပေ့ချ်တစ်ခုဖြစ်ပြီးသတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတစ်ခုမဟုတ်ဘူးဆိုတာလည်းသိလိုက်ရပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူး စာဖတ်သူတွေအနေနဲ့လည်း စစ်ပွဲကိစ္စလို အရေးကြီးဖြစ်ရပ်တွေဖြစ်နေတဲ့အချိန်မှာ ကိုယ်မြင်လိုက်ရတဲ့ဓာတ်ပုံ၊ဖတ်လိုက်ရတဲ့သတင်းကို လွယ်လွယ်မယုံပဲ စိုးရိမ်စိတ်တွေ၊သနားစိတ်တွေ ကိုရှေ့တန်းတင်ပြီး Share မပြုလုပ်မိဖို့လိုပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးက စစ်ဆေးသလို တွေ့ရတဲ့ဓာတ်ပုံကို Google Image Search မှာ စစ်ဆေးလို့ရသလို သတင်းတင်တဲ့ ပေ့ချ်(သို့မဟုတ်) ဝက်ဘ်ဆိုဒ်ကိုကြည့်ပြီး ယုံရသလား၊မယုံရသလားဆိုတာလည်း ခန့်မှန်းလို့ရပါတယ်။

အကယ်၍ ယုံရမလား၊မယုံရမလား ဇဝေဇဝါဖြစ်နေရင်တော့ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chatbot ကို
လာရောက်ပြီး အမှား/အမှန်လာရောက်မေးမြန်းလို့ရပါတယ်။