ICJ ကိစ္စကိုအများကအာရုံစိုက်နေတဲ့အချိန်နဲ့ အချိန်ကိုက်ထွက်ပေါ်လာတဲ့ ၂၀၁၇ခုနှစ်တုန်းကဖြစ်ပွားခဲ့ တဲ့ ဓာတ်ပုံအဟောင်းတွေကိုအသုံးပြုပြီး လိုရာဆွဲရေးသားဝါဒဖြန့်တာတွေ ဒီနေ့ ဒီဇင်ဘာ ၁၁ရက်မှာ ဖေ့ဘွတ်ခ် စာမျက်နှာတွေပေါ်မှာပျံ့နံ့နေပါတယ်။ ပျံ့နှံ့နေတဲ့ပို့စ်မှာတော့
“ICJကိုသွားရင်အိမ်တွေကိုမီးရိူ့ဖျက်စည်းတာဘယ်သူတွေဆိုတာတော့အသိသက်သေအဖြစ် ကမ္ဘာကသိအောင်fbမိတ့်ဆွေများSHAREပေးခြင်းဖြင့်တစ်ဖက်တစ်လှမ်းမှနေပြီး ဝိုင်းဝန်းကူညီကြပါအမျိုးတို့” ဆိုပြီး ရေးသားထားဖြစ်ပါတယ်။
အခုလိုမျိုး ICJ ကိစ္စဖြစ်ပေါ်နေစဉ်မှာပဲ စိတ်ခံစားမှုတွေအပေါ်အသုံးချပြီး လိုရာဆွဲရေးသားဝါဒဖြန့်မှုတွေရှိနေနိင်တဲ့အတွက် သတိပြုမိဖို့ Real or Not က တိုက်တွန်းလိုက်ပါတယ်။
ပျံ့နှံ့နေတဲ့ ပုံကတော့ ၂၀၁၇ခုနှစ် အတွင်းက မောင်တောမြို့မှာဖြစ်ပေါ်ခဲ့တဲ့ ရိုဟင်ဂျာတွေက မိမိအိမ် မိမိ မီးရှိူ့နေတယ်ဆိုပြီးတော့ လုပ်ကြံရိုက်ကူးထားတဲ့ ပုံသာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမီးရှို့နေတဲ့ပုံက ဇာတ်လမ်းဆင်လုပ်ကြံဖန်တီးထား တယ်ဆိုတာကို ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်မှာ တော့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီးရှို့မှုမှာ ပါဝင်တဲ့သူတွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့ သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့ဖူးပါတယ်။ ဒီအောက်ကလင့်ခ်မှာဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/photo.php?fbid=1435834053180345
အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းဌာနအချို့ကရေးသားထားတဲ့သတင်းတွေကို လည်း အောက်ကလင့်ခ်တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
(၁) ဧရာဝတီသတင်းဌာနရဲ့ သတင်းဖော်ပြမှု
(၂) ဘန်ကောက်ပို့စ်သတင်းဌာနရဲ့သတင်းဖော်ပြမှု
(၃) ဗီအိုအေသတင်းဌာနရဲ့သတင်းဖော်ပြမှု
(၄) Eleven Media Group ရဲ့ သတင်းဖော်ပြမှု
https://news-eleven.com/headline/9851
Social Media ပေါ်က သတင်းတွေက အမှားတွေများနိုင်တာမို့လို့ ထိလွယ်ရှလွယ် တဲ့ သတင်းတစ်ခုကို မြင်တွေ့လိုက်တယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဖော်ပြတဲ့သတင်းဌာနတွေ၊အစိုးရနဲ့ ရဲတပ်ဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြဖို့လိုပါတယ်။ တကယ်လို့ တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရဘူးဆိုရင်လည်း လွယ်လွယ်ကူကူ Share တာတွေမပြုလုပ်ပဲ Real or Not ရဲ့ Chat Bot ကို လာရောက်ပြီး သတင်းအမှား၊အမှန်အရင်ဆုံးလာရောက်မေးမြန်းစေချင်ပါတယ်။