Fact Check | တစ်ပတ်အတွင်း Social Media ပေါ်မှာ ပျံ့နှံ့မှုအများဆုံးသတင်းအမှားများ

Real or Not က စစ်ဆေးတွေ့ရှိခဲ့တဲ့ တစ်ပတ်အတွင်းမှာ Social Media ပေါ်မှာ ပျံ့နှံ့မှုအများဆုံးသတင်း အမှားတွေကိုပြောပြပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ Facebook ပေါ်မှာ ပျံ့နှံ့မှု အများဆုံးဖြစ်ခဲ့တာက တို့ဆေး သတင်းအမှားတွေနဲ့ ကလေးသူခိုး သတင်းအမှားတွေပဲဖြစ်ပါတယ်။

သတင်း အမှား/အမှန်ခွဲခြားစိစစ်ပေးဖို့အတွက် Real or Not ရဲ့ Chatbot ကို လာရောက်ပေးပို့ခဲ့တဲ့သတင်းတွေက လည်း အဲ့ဒီသတင်းတွေပဲအများဆုံးဖြစ်ခဲ့တဲ့အတွက် ဒီတစ်ပတ် Trending ကတော့ ကလေးသူခိုး Trending လို့ပဲ ဆိုရမှာပါ။

သတင်းအမှားတွေကဘယ်လိုပျံ့နှံ့တတ်လဲဆိုရင် အကြောင်းအရင်းတွေကအများကြီးရှိတဲ့အနက် အဓိကအတွေ့ များတာက

(၁) ရည်ရွယ်ချက်ရှိရှိသတင်းအမှားတွေကိုဖန်တီးခြင်း

(၂) အစိုးရိမ်လွန်ပြီးသတင်းအမှားတွေကိုပြန်ပြီးမျှဝေခြင်း

(၃) Facebook Instant Article Page တွေက လူစိတ်ဝင်စားမယ်ထင်တဲ့သတင်းအမှားတွေကိုဖန်တီးခြင်း

(၄) အရပ်ထဲက ကောလဟာလတွေကို Social Media ပေါ်မှာ လွှင့်တင်ခြင်းကြောင့်ပျံ့နှံ့ခြင်းနဲ့

(၅) သတင်းအဟောင်း(ခုနှစ်သက္ကရာဇ်အဟောင်း) သတင်းတွေကို ပြန် Share ခြင်းစတာတွေကြောင့်ဖြစ်ပါတယ်။ 

ကလေးသူခိုးဆိုတဲ့သတင်းတွေက သတင်းအမှားဖြစ်ကြောင်းကို Real or Not က အချက်အလက်စစ်ဆေးပြီး တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သတင်းအမှားကြောင့် ကောလဟာလတွေပျံ့နှံ့ပြီးလူစုလူဝေးဖြစ်ပွားတာတွေ၊ လူမှားရိုက်တာတွေက ရပ်တန့်သွားခြင်းမရှိပဲ ပိုမိုပျံ့နှံ့လာနေတဲ့အတွက် Social Media အသုံးပြုသူတွေအနေနဲ့ ပိုပြီးသတိပြုဖို့လိုပါတယ်။

ကလေးသူခိုးဆိုတဲ့ကောလဟာလတွေကြောင့် မလိုလားအပ်တဲ့ မှုခင်းတွေဖြစ်ပွား လာတာကိုလည်းတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားခဲ့တဲ့ ကလေးသူခိုးဆိုတဲ့ ကောလဟာလကြောင့် ဖြစ်ပွားခဲ့တဲ့မှုခင်း ဖြစ်ရပ်တွေကို Real or Not က ပြောပြပါမယ်။ အဲ့တာတွေကတော့ 

(၁) ပဲခူးမြို့ ရွာသစ်ရပ်ကွက်မှာ နိုဝင်ဘာ ၃၀ရက် ညပိုင်းက ကလေးသူခိုးဆိုပြီး ဝိုင်းရိုက်ခံရလို့ ပဲခူး ဆေးရုံမှာ ကုသနေရတဲ့ အမျိုးသားဟာ အရိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဘယ်ဘက်မျက်လုံးကွယ် သွားခဲ့ရတယ်ဆိုတဲ့သတင်း 

ဒီမှာသွားရောက်ဖတ်ရှုနိုင်ပါတယ် 


(၂) မျက်လုံးကွယ်သွားတဲ့အမျိုးသားက သူ့ကိုမှားယွင်းရိုက်နှက်ခဲ့တဲ့ဒေသခံလူ ၁၀ဦးကိုအမှုဖွင့်လိုက် တဲ့သတင်း

ဒီမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်

 

(၃) နေပြည်တော်တွင် ကလေးခိုးယူသည်ဆိုကာ လူစုလူဝေးဖြစ်ပွား ဆိုတဲ့သတင်း

 

ဒီမှာသွားရောက်ဖတ်ရှုနိုင်ပါတယ် 

 

ဒါ့အပြင် Social Media ပေါ်မှာပျံ့နှံ့ခဲ့တဲ့ ကလေးသူခိုးသတင်းတွေက သတင်းအမှားဖြစ်တဲ့အကြောင်း Real or Not ကစစ်ဆေးခဲ့တဲ့ သတင်းတွေကိုလည်း ဝဘ်ဆိုက်ဒ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Social Media ပေါ်က သတင်းတွေက အမှားတွေများနိုင်တာမို့လို့ ထိလွယ်ရှလွယ် တဲ့ သတင်းတစ်ခုကို မြင်တွေ့လိုက်တယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဖော်ပြတဲ့သတင်းဌာနတွေ၊အစိုးရနဲ့ ရဲတပ်ဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြဖို့လိုပါတယ်။ တကယ်လို့ တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရဘူးဆိုရင်လည်း လွယ်လွယ်ကူကူ Share တာတွေမပြုလုပ်ပဲ Real or Not ရဲ့ Chat Bot ကို လာရောက်ပြီး သတင်းအမှား၊အမှန်အရင်ဆုံးလာရောက်မေးမြန်းစေချင်ပါတယ်။