Fact Check | မြစ်ကြီးနားတွင် ကလေးသူခိုးများ သောင်းကျန်းနေသည်ဆိုသည့်သတင်းအမှား

မြစ်ကြီးနားတွင် ကလေးသူခိုးများသောင်းကျန်းနေသည်ဆိုသည့် သတင်းမှာ သတင်းမှားဖြစ်ကြောင်း Real or Not ကစစ်ဆေးတွေ့ရှိရပါတယ်။

 

မနောမြေသတင်းဆိုသည့် ဖေ့ဘွတ်ခ်အကောင့်မှ နိုဝင်ဘာ ၂၂ရက်နေ့တွင် တင်ထားသော အဆိုပါသတင်းမှားဟာ  Share ပြုလုပ်သူ ၂သောင်း၃ထောင်ကျော်အထိရှိနေတဲ့အထိ ပျံ့နှံ့မှုအားကောင်းနေတာကို တွေ့ရပါတယ်။ဒါ့ကြောင့် ဒီသတင်းမှားကို Real or Not က ဒီသတင်းမှားကို စစ်ဆေးလိုက်တဲ့အခါမှာ

(၁)ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ယက် ရဲ့ စာမျက်နှာမှာ ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်း ဖော်ပြထားတာကိုတွေ့ရပါတယ်။ထာဝရငြိမ်းချမ်းရေးသတင်းကွန်ယက် ရဲ့မေးမြန်းချက်အရ မြစ်ကြီးနားရဲတပ်ဖွဲ့ထံကို နိုဝင်ဘာလတစ်လလုံးမှာကလေးပျောက်မှုအတွက် လာရောက်တိုင်ကြားထားတာမရှိသေးပါဘူးလို့သိရပါတယ်။

ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/epnmediagroup/posts/1366398596867122

(၂) ဒီသတင်းမှားကို သတင်းမီဒီယာအယောင်ဆောင် Click Bait ဝက်ဘ်ဆိုဒ်တွေက ကူးယူပြီး ဖော်ပြတာတွေ၊ ဖေ့ဘွတ်ခ် ပေ့ချ်တွေ၊အကောင့်တွေကနေ ထပ်မံကူးယူဖော်ပြတာတွေReal or Not က တွေ့ရှိပါတယ်။ဒီလိုထပ်ဆင့်ကူးယူဖော်ပြမှုတွေကြောင့် ဒီသတင်းမှားကို ယုံကြည်သူတွေများပြားနေကြပြီဆိုတာသိရပါတယ်။

ဒီလို ကလေးခိုးယူတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွယ်လွယ်မယုံကြည်ပဲ သတင်းမှာပါဝင်တဲ့အချက် အလက်၊နေရာ စတာတွေကို သေချာဖတ်ပြီး အမှန်တကယ်ဖြစ်ပွားခဲ့တာဟုတ် /မဟုတ် စစ်ဆေးတာတွေ၊စဉ်းစားချင့်ချိန်တာတွေပြုလုပ်ဖို့လိုပါတယ်။သတင်းမှားဖန်တီးဖြန့်ဝေသူတွေဟာ လူတွေအစိုးရိမ်လွန်စေတဲ့အကြောင်းအရာတွေကို ဖန်တီးဖြန့်ဝေပြီး သတင်းမှားကို ပိုမိုပျံ့နှံ့အောင် ပြုလုပ်တတ်တယ်ဆိုတာသတိပြုမိဖို့လိုပါတယ်။

ဒီလိုကလေးခိုးတဲ့သတင်းတွေနဲ့တဆက်ထဲ နောက်ဆက်တွဲသတင်းတွေအနေနဲ့ ကလေးခိုးတယ်ဆိုပြီးသံသယရှိတဲ့သူကို လူအုပ်က ဝိုင်းရိုက်တဲ့သတင်းတွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီသံသယရှိသူတွေဟာ ကလေးခိုးယူမှုကြောင့် ရဲတပ်ဖွဲ့ ဖမ်းဆီးတာခံရတယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်တွေတော့မတွေ့ရသေးပါဘူး။သတင်းမှားတွေကို ဖတ်ပြီး အစိုးရိမ်လွန်တဲ့အတွက် ဒီလို ရိုက်နှက်ဖမ်းဆီးမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် ဖေ့ဘွတ်ခ်မှာ မြင်ရသမျှသတင်းတိုင်းကို လွယ်လွယ်မယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဖော်ပြတဲ့သတင်းဌာနတွေ၊အစိုးရနဲ့ ရဲတပ်ဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြဖို့လိုပါတယ်။ အကယ်၍ တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရဘူးဆိုရင်လည်း လွယ်လွယ်ကူကူ Share တာတွေမပြုလုပ်ပဲ Real or Not ရဲ့ Chat Bot ကို လာရောက်ပြီသတင်းအမှား၊အမှန် အရင်ဆုံးလာရောက်မေးမြန်းစေချင်ပါတယ်။