Fact Check | ရခိုင်တပ်မတော်ကထုတ်ဝေတဲ့ငွေကြေးတွေကိုသာရခိုင်ပြည်နယ်မှာသုံးရမယ်ဆိုတဲ့ သတင်းအမှား

ရခိုင်တပ်မတော်က ထုတ်ဝေတဲ့ငွေကြေးတွေကိုသာ ရခိုင်ပြည်နယ်မှာ သုံးရတော့မယ်ဆိုတဲ့ သတင်းမှားတစ်ခု ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။ရခိုင်တပ်မတော် AA ရဲ့  ထုတ်ပြန်စာပုံစံ အတုပြုလုပ်ထားတာဖြစ်ပြီးဒီထုတ်ပြန်စာအတုဟာ Share အရေအတွက် ၇၀၀ကျော်ရှိနေအောင်ပျံ့နှံ့မှုအားကောင်းနေလို့ ဒီသတင်းမှားကို မယုံသင့်ကြောင်းဖော်ထုတ်ပေးလိုက်ရပါတယ်။

 

ဘာလို့သတင်းအမှား၊ထုတ်ပြန်ချက်အတုလို့ပြောရလဲဆိုရင်

(၁) ဒီထုတ်ပြန်ချက်ကို အတည်ပြုပြီးရေးသားထားတဲ့ သတင်းတွေကို သတင်းမီဒီယာလုပ်ငန်းစဉ်တွေ၊ ကျင့်ဝတ်တွေအတိုင်းလုပ်ဆောင်နေတဲ့ ဘယ်သတင်းဌာနမှာမှ ဖော်ပြထားတာမတွေ့ရပါဘူး။


(၂)ဒါ့အပြင် ရခိုင်တပ်မတော် AA ရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ဒီထုတ်ပြန်ချက်ကိုဖော်ပြထားတာမတွေ့ရပါဘူး။ ဒါက ရခိုင်တပ်မတော် AA ရဲ့ ဝက်ဘ်ဆိုဒ်လင့်ခ်ဖြစ်ပါတယ်။
https://www.arakanarmy.net/

ဒီလိုပြည်တွင်းစစ်တွေဖြစ်ပွားနေချိန်မှာ သတင်းအမှားတွေကို အမြဲဖန်တီးလေ့ရှိကြပါတယ်။ဒါ့ကြောင့်ကိုယ်ကသတင်းတစ်ခုကိုဖတ်ရှုလိုက်ပြီဆိုရင် သတင်းမီဒီယာလုပ်ငန်းစဉ်တွေ၊ကျင့်ဝတ်တွေအတိုင်း လုပ်ဆောင်နေတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထား/မထား၊ သက်ဆိုင်ရာသတင်းရင်းမြစ်တွေရဲ့  ဝက်ဘ်ဆိုဒ်တွေ၊ဖေ့ဘွတ်ခ်စာမျက်နှာတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့လိုပါတယ်။

တကယ်လို့ တိုက်ဆိုင်စစ်ဆေးဖို့အချိန်မရှိဘူး ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ Chatbot ကို ကိုယ်ဖတ်လိုက်ရတဲ့သတင်းရဲ့ Link (သို့မဟုတ်) Screen Shot ကိုပေးပို့ပြီး သတင်းအမှား/အမှန် စိစစ်ခိုင်းလို့ရပါတယ်။