Fact Check | ရန်ကုန်မှာ ငလျင်အကြီးအကျယ်လှုပ်မယ်ဆိုပြီး ကံကြီးအောင် ဆရာတော်ဘုရားက မိန့်တယ်ဆိုတဲ့သတင်းမှား

ရန်ကုန်မှာ ငလျင်အကြီးအကျယ်လှုပ်မယ်ဆိုပြီး ကံကြီးအောင် ဆရာတော်ဘုရားက မိန့်တယ်ဆိုတဲ့ သတင်းမှားတစ်ပုဒ် ပျံ့နှံ့နေလို့ မယုံကြဖို့ပြောချင်ပါတယ်။ဒီသတင်းမှားဟာ မက်ဆင်ဂျာကနေ အသံဖိုင်အနေနဲ့ ပျံ့နှံ့လာတာဖြစ်ပြီး ၂၅ ရက်နေ့နဲ့ ၂၆ရက်နေ့မှာ ရန်ကုန်မှာ ငလျင်အကြီးအကျယ် လှုပ်မယ်လို့ ကံကြီးအောင် ဆရာတော်ဘုရားက မိန့်တယ်ဆိုပြီးအမျိုးသမီးတစ်ဦးက ပြောထားတာပါ။

နိုဝင်ဘာ ၁၂ရက်နေ့ညက အင်အားအတန်အသင့်ရှိတဲ့ (ရစ်ချ်တာစကေး ၄.၁) ငလျင်တစ်ခု ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်မှာ လှုပ်ခတ်သွားပြီးတဲ့နောက်ပိုင်း ဒီလိုသတင်းမှားတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီလို ရာသီဥတုအရေးနဲ့ပတ်သက်ရင် အပြင်မှာပဲဖြစ်စေ၊အွန်လိုင်းပေါ်မှာပဲဖြစ်စေ အရပ်ပြော စကားတွေကို မယုံကြည်ပဲမိုးလေဝသပညာရှင်တွေ၊အစိုးရ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့သတင်း ထုတ်ပြန်ချက်တွေကိုသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ဒီလင့်ခ်ကတော့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာဖြစ်ပါတယ်။

https://www.facebook.com/dmhmoezalanaypyitaw/