Fact Check|ရွေးကောက်ပွဲကိုဦးတည်ပြီးရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတဲ့ မှားယွင်းချိတ်ဆက်ရေးသားထားတဲ့ သတင်းအမှားတစ်ခု

ရွေးကောက်ပွဲကိုဦးတည်ပြီးရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတဲ့ မှားယွင်းချိတ်ဆက်ရေးသားထားတဲ့ သတင်းအမှားတစ်ခု
_________________________________________________

Real or Not က ဒီနေ့ အချက်အလက်စစ်ဆေးခဲ့တဲ့ သတင်းအမှားတစ်ခုကိုပြောပြချင်ပါတယ်။ အဲ့ဒီသတင်းအမှားက ရွေးကောက်ပွဲကို ဦးတည်ပြီး မှားယွင်းချိတ်ဆက်ရေးသားထားတဲ့ သတင်းအမှားတစ်ခုဖြစ်ပြီးတော့ Dennic Robben ဆိုတဲ့ အကောင့်ကနေ “ဘင်္ဂါလီဝေဝေနုရဲ့ အဖေဘင်္ဂါလီပါတီကို မှတ်ပုံတင်ခွင့်ပေးလိုက်ပြီ”ဆိုပြီး ဇူလိုင်လ ၁ရက်နေ့ကတည်းက တင်ထားတာဖြစ်ပါတယ်။

ဲ့ဒီသတင်းအမှားကို ပြန်ပြီး ကော်ပီယူတင် တာတွေ၊ Screen Shot ယူပြီးပြန်တင်တာတွေနဲ့ Share လုပ်တာတွေက အခုထိ အများအပြားရှိလာတဲ့အတွက် Real or Not က အချက်အလက်စစ်ဆေးပြီး သတင်းအမှားဆိုတာကိုဖော်ထုတ်ရခြင်းဖြစ်ပါတယ်။

ဒီသတင်းကဘာလို့အမှားလို့ပြောရတာလဲဆိုရင်

(၁) သတင်းက ခိုင်မာတိကျတဲ့ သတင်းအရင်းအမြစ်တွေမပါသလို အချက်အလက်တွေကလည်းမှားယွင်းနေပါတယ်။

(၂) သတင်းမှာသုံးထားတဲ့ပုံက လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လ တုန်းက မင်္ဂလာဆောင်တစ်ခုမှာ အမှတ်တရဓါတ်ပုံရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။

(၃) သတင်းမှာ ရေးသားထားတဲ့အကြောင်းအရာတွေကလည်း ထင်မြင်ယူဆချက်တွေသာဖြစ် ပြီးတော့ အချက်အလက်အရမှန်ကန်မှုမရှိပါဘူး။

(Real or Not) က အချက်အလက်တွေကိုဘယ်လိုစစ်ဆေးလဲ

သတင်းအမှားမှာဖော်ပြထားတဲ့အကြောင်းအရာတွေကို Real or Not က အချက်အလက်စစ်ဆေးရာမှာ ဒီနည်းလမ်းတွေကို သုံးပြီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

(၁) သတင်းအမှားမှာဖော်ပြထားတဲ့ “ ဘင်္ဂါလီပါတီ ‘’ ဆိုတာက မရှိပါဘူး။ “၂၀၂၀မှာ နေရာ၄၀ ဝင်ပြိုင်မယ်လို့ကြေညာပြီးနေပြီရွေးကော်က (၂၀၁၇) က ထဲကခွင့်ပြုပြီးသားပါ ” ဆိုတာကလည်း အချက်အလက် မှား နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝဘ်ဆိုဒ်မှာ တရားဝင်ဖော်ပြထားတဲ့ တည်ဆဲနိုင်ငံရေးပါတီများစာရင်း မှာ ဘင်္ဂါလီပါတီဆိုတာမရှိပါဘူး။ နောက်ပြီး မဝေဝေနုရဲ့ ဖခင်ဦးကျော်မင်းဥက္ကဌ တာဝန်ယူတဲ့ပါတီက ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီ ဖြစ်ပြီးတော့၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုတဲ့နေ့က ၂၀၁၃ခုနှစ် မတ်လ ၁၂ ရက်ကတည်းကဖြစ်တယ်ဆိုတာဖော်ပြထားပါတယ်။ ဒီလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။

https://www.uec.gov.mm/pages.php…

(၂) သတင်းမှာဖော်ပြထားတဲ့ပုံကလည်း ၂၀၁၇ခုနှစ်က မင်္ဂလာဆောင်တစ်ခုမှာရိုက်ကူးထားတဲ့ပုံဖြစ်ပြီးတော့ သတင်းအမှားနဲ့မှားယွင်းချိတ်ဆက်အသုံးပြုထားပါတယ်။ မူရင်းပုံကို ဒီလင့်ခ်ကနေသွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/100002667087906/posts/1187404684691756/

ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှရွေးကောက်ပွဲနဲ့ဆိုင်တဲ့သတင်းအမှားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ထုတ်လွှင့်လာနိုင်တာတွေရှိနိုင်တဲ့အတွက် လူမှုကွန်ရက်အသုံးပြုသူတွေအနေနဲ့ တွေ့သမျှသတင်းတိုင်းကိုမယုံကြည်ဖို့ကို လည်း Real or Not က တိုက်တွန်းပါတယ်။ သတင်းအမှားလို့ ကိုယ့်စိတ်ထဲသံသယရှိခဲ့ရင် သတင်းမှာပါဝင်တဲ့အချက်အလက်တွေကို ဂရုစိုက်ပြီးဖတ်ရှုသင့်သလို သတင်းတိုင်းကိုလည်း ၂ခါပြန်ဖတ်ပြီးမှ ဟုတ်တယ်/ မဟုတ်ဘူးဆိုတာကိုစဉ်းစားပါ။ တကယ်လို့ သတင်းအမှားတွေကို စစ်ဆေးဖို့အတွက် အချိန်မရှိခဲ့ဘူးဆို ရင်လည်း Real or Not ရဲ့ Chat bot ကနေ ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ပို့စ် (သို့) Screen Shot ကိုပေးပို့ပြီး စစ်ဆေးခိုင်းလို့ရပါတယ်။