Fact Check | ရန်ကုန် စစ်တွေ ကားလမ်းမများကို ပိတ်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်သူများအားလုံးကို အသိပေးအပ်ပါသည်ဆိုသည့် သတင်းအမှား

ရန်ကုန် စစ်တွေ ကားလမ်းမများကို ပိတ်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်သူများအားလုံးကို အသိပေးအပ်ပါသည်ဆိုသည့် သတင်းအမှားကို “ကျောက်ဖြူမြို့နယ် သတင်းအဖွဲ့” ဆိုသည့် facebook Page က တင်ထားခြင်းဖြစ်ပါတယ် ။

ဟုတ်တယ် Vs မဟုတ်ဘူး မှ Admin က စစ်တွေနှင့် ရန်ကုန်သို့ ပုံမှန်ပြေးဆွဲနေသည် ရွှေပြည်သစ်ကားလိုင်းကို ဖုန်းဆက်မေးမြန်းကြည့်သည့်အခါ ကားလိုင်းများမှာ ပုံမှန်ပြေးဆွဲနေကြောင်း ထိုသတင်းကို သူတို့မသိကြောင်း မကြားမိကြောင်း ပြောကြားပါတယ် ။ ရန်ကုန်ဘက်ခြမ်းမှ ကားဂိတ်များကို ဖုန်းဆက်မေးသည့်အခါတွင်လဲ သူတို့မသိကြောင်း လိုင်းကားများမှာ ပုံမှန်ပြေးဆွဲနေကြောင်း ခရီးသွားရာတွင် မှတ်ပုံတင်ပါရှိရန်ကားဂိတ်များအချင်းချင်း ညွှန်ကြားထားကြောင်းပြောကြားပါတယ် ။

ယခုလို ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေအချိန်အခါ လူအများ၏ စိုးရိမ်မှုများ မြင့်တက်နေသည့်အချိန်မှာ သတင်းအမှားများမကြာခဏထွက်ပေါ်တက်တာကို သတိထားမိကြလား ? အဲဒီလို သတင်းအမှားများတွေ့သည့်အချိန်မှာဆိုရင် အက်ဒမင်တို့ ပရိတ်သတ်ကြီးတို့ ဆိုရှယ်မီဒီယာသုံးစွဲသူများအနေနှင့် ဒီသတင်းမှားများကိုတွေ့တွေ့ချင်း စိုးရိမ်စိတ်တွေဖြစ်တာမျိုး ကိုယ်နဲ့နီးစပ်ရာသူငယ်ချင်းများဆွေမျိုးအသိုင်းအဝိုင်းများ အကာအကွယ်ပေးလိုစိတ်တွေဖြစ်ြပီး သတင်းတွေကို ယုံကြည်သွားတတ်ကြတယ် ။

အဲဒါကြောင့် သတင်းတွေ ချဲ့ကားသွားတာမျိုး ထပ်ပြီး တခြားနေရာတွေမှာပျံ့နှံ့တာမျိုးစသဖြင့် အက်ဒမင်တို့ ပရိတ်သတ်ကြီးတို့ရဲ့ စိတ်အခြေအနေတွေကို စနစ်တကျ အသုံးချလှုံဆော်တတ်ကြသောသူေတွ သတင်းအမှားတင်တဲ့ ဖေ့ဘွတ်စာမျက်နှာတွေ ရှိတဲ့အတွက် သတင်းမှားတွေက ပုံမှန်ထက်ပျံ့နှံ့တာကို တွေ့ရှိရပါတယ် ။ အဲဒါကြောင့် သတင်းတွေ တွေ့တာနဲ့ချက်ချင်း မယုံကြည်ဖို့ မဝေမျှဖို့ စဉ်းစားဆင်ခြင် စုံစမ်းမေးမြန်းပြီးမှ ဝေမျှတာ ယုံကြည်တာမျိုးလုပ်ပါ။