Fact Check | Tomorrow News Journal က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ဝေခဲ့သော သတင်းစာအဖုံးကို ပြန်လည်အသုံးပြုပြီး ယခုအပတ်ထွက် သတင်းစာတစ်စောင်အဖြစ် သတင်းစာပါအကြောင်းအရာကို ပြန်လည်တင်ထားသည့်post

ဒီသတင်းဟာဆိုရင် Tomorrow News Journal က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ဝေခဲ့သော သတင်းစာအဖုံးကို ပြန်လည်အသုံးပြုပြီး ယခုအပတ်ထွက် သတင်းစာတစ်စောင်အဖြစ် သတင်းစာပါအကြောင်းအရာကို ပြန်လည်တင်ထားသည်ကို တွေ့ရှိရပါသည်။ သတင်းစာပေါ်တွင် ထုတ်ဝေသည့် ခုနှစ်၊ ရက်၊ လတို့အပြင် ထုတ်ဝေသည့် နံပါတ်၊ အတွဲ နံပါတ်တို့ကိုလည်း ကြည့်ရှုကာ စစ်ဆေးကြည့်ရင် ဒီသတင်းစာဟာ လွန်ခဲ့သော ဇန်နဝါရီလကတည်းက ထုတ်ထားသည်ကို တွေ့မြင်ရမှာပါ။

Tomorrow News Journal က ဇန်နဝါရီ ၂၃ ရက်နေ့က တင်ထားသည့် ဓါတ်ပုံကို ဒီလင့်မှာ ကြည့်ရှုနိုင်ပါသည်။ (https://www.facebook.com/…/a.66990310304…/1652860744753302/…) ထို့ကြောင့် ဒီသတင်းဟာဆိုရင် သတင်းအမှား တစ်ခုသာ ဖြစ်ပါသည်။

အက်ဒမင်တို့လည်း သတင်းတစ်ပုဒ်တက်လာရင် သတင်းဓါတ်ပုံ ပါ၊ မပါကို ကြည့်ရှုရန်၊ သတင်းဓါတ်ပုံ ပါလာရင်လည်း ပြုပြင်ထားသည်လား မပြုပြင်ထားသည်လားကို စစ်ဆေးရန်၊ ထို့အပြင် သတင်းပါအကြောင်းအရာကို ကြည့်ရှုရာတွင်လည်း သတင်းပါအကြောင်းအရာနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ (ဥပမာ အချိန်၊ နေရာ၊ နေ့ရက်၊ အစရှိသည်) တို့ကို စစ်ဆေးသင့်ကြောင်း တင်ပေးလေ့ရှိပါသည်။ အခုလိုမျိုး လူထု စိတ်ပါဝင်စားမှု အများဆုံး ရှိနိုင်သည့် သတင်းအချက်အလက်ကို သတင်းအမှားတွေ ဖြန့်ကာ တင်နေတာက အလွန်ပင် အန္တရာယ်ကြီးလှပါသည်။ ထို့ကြောင့် အားလုံးလဲ အခုလို သတင်းတွေတွေ့ရင် ချက်ချင်းမယုံဘဲနှင့် စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ အက်ဒမင်က ထပ်မံ ပြောပြလိုက်ရပါသည်။