Fact Check | ဒီဇင်ဘာမှာ အအေးလှိုင်းဖြတ်မယ်ဆိုတဲ့ သတင်း

ဒီဇင်ဘာမှာ အအေးလှိုင်းဖြတ်မယ်ဆိုတဲ့ သတင်းဟာ ၂၀၁၇ ခုနှစ်က သတင်းကို အခုမှ ဖြစ်သယောင်ပုံစံမျိုးနဲ့ လူတွေရဲ့ စိုးရိမ်မှုကို အခြေခံပြီး သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။ ဒါကိုလည်း ဦးထွန်းလွင်ကနေပြီး သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ သတင်းအမှားဖြစ်ကြောင်းကို ပြန်လည်ဝေမျှထားတာကို သိရအောင် ပြန်လည်ဝေမျှလိုက်ပါတယ်။

ဒါကြောင့် သတင်းတစ်ခုဟာ ဖြစ်နိုင်ချေရှိမရှိ သက်ဆိုင်ရာဌာန၊ ယုံကြည်ရတဲ့ သတင်းမီဒီယာများကို မေးမြန်းပြီးမှသာ ယုံကြည်ကြပါလို့ ဟုတ်တယ် vs မဟုတ်ဘူး ပရိတ်သတ်ကြီးကို ဝေမျှပေးလိုက်ရပါတယ်။

#fakenews #realornot