Fact Check | အင်အားကြီး တိုင်ဖုန်းမုန်တိုင်း မြန်မာပြည်ကို ဝင်ရောက်ဖွယ်ရှိ ဆိုတဲ့သတင်းအမှား

အင်အားကြီး တိုင်ဖုန်းမုန်တိုင်း မြန်မာပြည်ကို ဝင်ရောက်ဖွယ်ရှိ ဆိုတဲ့ သတင်းက သတင်းအမှား ဖြစ်ပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန (ဖေ့ဘွတ်လင့်ခ် – https://www.facebook.com/ddmmswrr/) ကနေ ထုတ်ပြန်ထားတဲ့ သတင်းမှာတော့ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ခြေ မရှိသေးပါဘူးဆိုပြီး ထုတ်ပြန်ကြေငြာထားပါသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထုတ်ပြန်ထားတဲ့ သတင်းကို (https://www.facebook.com/660230287445329/posts/1350036365131381/) အဲဒီလင့်ခ်လေးမှာ ဖတ်ရှုနိုင်ပါသည်။

နောက်ပြီး ဦးထွန်းလွင်ရဲ့ အကောင့်မှလည်း မုန်တိုင်းမဟုတ်ပါ။ မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းက မြန်မာနိုင်ငံ မြောက်ပိုင်းကို ဖြတ်သန်းပြီး မိုးရွာသွန်းနိုင်ပါတယ်ဆိုပြီး ပြောထားတာ တွေ့ရပါသည်။ (https://goo.gl/XjZd4d) မှာ ဖတ်ရှုနိုင်ပါသည်။

အက်ဒမင်တို့တွေ သတင်းတွေကို ဖတ်ရှုတဲ့အခါမှာ စိုးရိမ်ပူပန်မှုကို အခြေခံပြီး သတင်းအမှားတွေ ဖြန့်တတ်ကြောင်းကို အရင်တုန်းက ရေးသားခဲ့ဖူးပါသည်။ အခုမှာတော့ သူတို့ရဲ့ ပေ့ချ် like ၊ share တွေ ပိုရအောင်လို့ လူတွေရဲ့ စိုးရိမ်ပူပန်မှုကို အခြေခံပြီး သတင်းအမှားတွေ၊ ကောလဟာလတွေကို အချိန်နဲ့ တပြေးညီ တင်နေတာကို တွေ့ရပါသည်။ သို့ဖြစ်ပါ၍ သတင်းတစ်ခုတက်လာရင် ဘယ်ကနေ ယူထားတာလဲ၊ တခြားသတင်းဌာန၊ သက်ဆိုင်ရာ ဦးစီးဌာနဖြစ်စေ သတင်းတွေကို အရင်းမြစ်များစွာကနေ ရှာဖွေဖတ်ရှုဖို့ အက်ဒမင်တို့တွေက တိုက်တွန်းပေးလိုက်ရပါသည်။

#realornot #verification