Fact Check | ကျောက်တော်သတင်းနှင့် ပက်သက်ပြီး သတင်းအမှား

မနေ့က ကျောက်တော်သတင်းနှင့် ပက်သက်ပြီး သတင်းအမှားတစ်ခု တက်လာပါတယ်။

ပထမပုံကတော့ ၂၀၁၇ ခုနှစ် မှာ တက်ခဲ့သော ကောလဟာလ သတင်းတစ်ခုဖြစ်ပါတယ် ။ ဒုတိယပုံကတော့ ဒီတူညီတဲ့အကြောင်းအရာကိုပဲ ကောလဟာလအနေနဲ့ ထပ်ပြန်ပြီးဖြန့်ထားတာ ဖြစ်ပါတယ် ။

အခုလက်ရှိမှာလည်း ဘယ်သတင်းဌာနမှာမှ ဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့သတင်းကို မတွေ့ရသလို အရင်ကဖြန့်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၁၇ တုန်းက ဒီသတင်းကို သတင်းဌာနတော်တော်များများ နဲ့ တိုက်ဆိုင်စစ်ဆေးခဲ့တဲ့အခါမှာလည်း မတွေ့ရပါဘူး။

အခုလက်ရှိ ထပ်ဖြန့်နေတဲ့ ပို့စ်မှာဆို လောလောဆယ် Like 5.2K, comment 2.7K, Share 12K ထိရှိနေတာကို တွေ့မြင်နေရပါတယ်။ ဒီသတင်းအမှားကိုပဲ ထပ်ပြီးဖြန့်နေမယ်ဆို အမှားကနေ မှန်သယောင်လုပ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကို သတိချပ်စေချင်ပါတယ်။ သတင်းတွေ့တိုင်း စိုးရိမ်ပူပန်စိတ်တွေနဲ့ Like & Share မပြုလုပ်ပဲ ဒီသတင်းတွေကို ဘယ်သတင်းဌာနက နေထုတ်ပြန်ထားလဲဆိုတာကိုပါ ထပ်လေ့လာစေချင်ပါတယ်။

#realornot #verification