Fact Check | ငလျင်သတိပေးချက်

စိုးရိမ်ပါနဲ့ … ဒီနေ့ ငလျင်မလှုပ်ပါ ၂၀၁၆ က သတင်းဟောင်း ကြီးပါ ။

…………………………………………………………………………….

Admin တို့ ဖေ့ဘွတ်တခွင် ဒီနေ့ မေလ ၁၅ ရက်နေ့ ညနေပိုင်းလေးကမှ ငလျင်မှာ လုံခြုံပါတယ် ဆိုပြီး Check လုပ်တဲ့ Check post တွေ သူငယ်ချင်းတွေကြားထဲ တောက်လေ ျှာက်တက်လာပါတယ် ။ ဖေ့ဘွတ်အသုံးပြုသူကြားထဲ အပြင်မှာ ငလျင်လှုပ်သွားတယ် မလှုပ်သွားတယ်ကိုထားအုံး ကိုယ်ဆီ notification တက်လာတဲ့အခါ အရင်ဆုံး “I am safe” ဆိုတာလေးကို ယောင်ယမ်းပြီးနှိပ်မိကြတယ်ထင်ပါတယ် ။

တကယ်တော့ ဖေ့ဘွတ်စ်ရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုဆိုတဲ့ Feature ကနေ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၆ ဧပြီ ၁၃ ရက်နေ့က မြန်မာပြည်မှာ ငလျင်လှုပ်ခဲ့တာကိုThe Myanmar Earthquake ဆိုပြီး လုပ်ထားတာဖြစ်ပါတယ် ။ ဖေ့ဘွတ်စ်သုံးစွဲသူထဲက တစ်စုံတစ်ယောက်က အရင်တုန်းကဖြစ်ပျက်ပြီးသတင်းတစ်ခုကို ရည်ရွယ်ပြီး ပြုလုပ်သည်ဖြစ်စေ ၊ မရည်ရွယ်ပဲ သတင်းဟောင်းတစ်ခုပေါ်လာလို့ဖြစ်စေ ပြုလုပ်မိလိုက်တာဖြစ်ပါတယ် ။

ပထမပုံမှာဆိုရင် ကိုယ့် Facebook notification မှာ ပေါ်လာလို့ ကြည့်လိုက်မယ်ဆိုရင် The Myanmar Earthquake လို့ပေါ်ပြီး Safe ဖြစ်လား မဖြစ်လား သူက ရွေးခိုင်းတာဖြစ်ပါတယ် ။ ဘာမှမရွေးဘဲ အောက်ထပ်ဆင်းလိုက်ရင် ဒုတိယပုံမှာဆိုရင်တော့ ဖြစ်တဲ့ နေ့ရက် ၊ ခုနစ် ကိုဖော်ပြထားတာတွေ့ရမှာပါ ။ တတိယပုံကတော့ စိုးရိမ်စိတ်လွန်ပြီး ဒီနေ့ဖြစ်တဲ့ သတင်းလား သတင်းဟောင်းလား မသိဘဲ လုံခြုံပါတယ် ဆိုပြီး ရွေးထားကြတဲ့ပို့စ်တွေဖြစ်ပါတယ် ။

အရေးပေါ်အခြေအနေ တစ်ခုခု မှာ လူအများ၏ သတင်းရယူမှုပုံစံတွေဟာ မှန် ၊ မမှန်ဆိုရာထက် မိမိနှင့် ရင်းနှီးသူများကို အကာအကွယ်ပေးလိုစိတ်ဖြင့် သိထားလေ ၊ ကောင်းလေ ဆိုသည့် သဘောမျိုးနှင့် မှန် သည် ၊ မမှန်သည် သတင်းဟောင်းဖြစ်သည် ၊ ယခုလက်ရှိသတင်းဖြစ်သည် ကို မဆုံးဖြတ်နိုင်တော့ဘဲ စိတ်ခံစားမှုအလိုက် ပြန်လည်မ ျှေ၀ တတ်ကြတယ်ဆိုတာကို admin တို့ တွေ့ရှိရပါတယ် ။