Fact Check | နီပေါငလျင်က ဓာတ်ပုံဟောင်းတွေ

နှစ်သစ်ကူး အချိန်မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေနော်။ ဒီလို အချိန်မှာ ပြည်သူတွေ စိတ်မချမ်းမြေ့အောင် သတင်းအတုတွေကို ပုံအတုတွေနဲ့ ဖွပြီး ဘာသာအချင်းချင်းကြား နိုင်ငံအချင်းချင်းကြား အထင်လွဲအောင် လုပ်ကြတာကို ပရိတ်သတ်တစ်ဦးက သတင်းပေးလာပါတယ်။

အက်ဒမင်တို့ စစ်ကြည့်လိုက်တော့ ပုံတွေက နီပေါငလျင်က ပုံတွေဖြစ်ပြီး ဒီဘုန်ကြီးကျောင်း ဖျက်ဆီးခံရတယ် ဆိုတာလည်း ဘယ်သတင်းဌာနမှာမှ မပါခဲ့ပါဘူး။ တင်တဲ့ အကောင့်ကို စစ်ကြည့်လိုက်တော့လည်း ဖွသတင်းတွေပွဲ ဆက်တိုက်တင်တဲ့ အကောင့်တစ်ခု ဖြစ်နေတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဒီသတင်း အတုတို့ကို ထပ်ဆင့်မျှဝေထားတဲ့ လူတွေ အများကြီး ဖြစ်နေတာကြောင့် ကိုယ့်မိတ်ဆွေတွေကို သတင်းအမှား မယုံဖို့နဲ့ ထပ်ပြီး မမျှဝေကြဖို့ လက်တို့ပြီး ပြောလိုက်ကြပါဦးနော်။