Fact Check | အချက်(၂၁)ချက်ဖြည့်ဆည်းပေးမှ ဘင်္ဂါလီများပြန်လာမည်ဆိုတဲ့ သတင်း

ဒီသတင်းကိုတော့ အမှန်အမှား သိချင်တဲ့အတွက် အကိုတစ်ယောက်က ပေးပို့လာပါတယ်။ လင့်ခ်ကတော့ Myanmar News Society ကပါ သူ့တို့ကိုးကားထားတာကတော့ Ukhiya news ဆိုတဲ့ ဘင်္ဂါလီဘာသာစကားနဲ့ အွန်လိုင်းသတင်းဝက်ဘ်ဆိုဒ်တစ်ခုကဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီး ပြည်တွင်း သတင်းစာတိုက်အချို့ကိုမေးမြန်းကြည့်ချိန်မှာတော့ ဒီသတင်းကို ဖော်ပြခဲ့ခြင်းမရှိပါဘူးလို့ဖြေကြားထားတဲ့အတွက် ခိုင်မာနိုင်မှုနဲ့ မှန်ကန်နိုင်မှုက ဆုံးဖြတ်ရခက်ခဲတဲ့အနေထားဖြစ်ပါတယ်လို့ သုံးသပ်ချင်ပါတယ်။ အကယ်၍ ပြည်တွင်း တာဝန်ခံမှုရှိတဲ့ မီဒီယာ တစ်ခုခုမှာ ဖော်ပြခဲ့မယ်ဆိုရင်တော့ ဒီသတင်းရဲ့ မှန်ကန်နိုင်မှုကို တစ်မျိုးကောက်ချက်ချနိုင်ပါတယ်။