Fact Check | စဉ့်ကိုင် ဆုတောင်းပွဲ အငြင်းပွားဖွယ်ဓာတ်ပုံကိစ္စ

ဒီဓာတ်ပုံကတော့ လူအများပြောစရာ ဓာတ်ပုံတစ်ပုံဖြစ်ခဲ့ပြီး ဟုတ်တယ်Vsမဟုတ်ဘူး ပေ့ချ်ကိုလဲ လာရောက်မေးမြန်းခဲ့ပါတယ်။ ဓာတ်ပုံတစ်ပုံကို အကြောင်းပြုပြီး သုံးသပ်ပြောဆိုမှုတွေနဲ့ ငြင်းခုန်မှုတွေအများပြားလဲ ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံပညာနဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ခုမဟုတ်ပေမယ့် ထူးဆန်းတာက ပွဲတစ်ပွဲလုံးရဲ့ ဓာတ်ပုံတွေနဲ့အတူမဖော်ပြပဲ တစ်ပုံထဲကိုပဲကြည့်ပြီး ကောက်ချက်ချပြောဆိုနေတဲ့အတွက် သတင်းစားသုံးသူတွေအတွက် လမ်းကြောင်းမှားယွင်းနိုင်ပါတယ်။ ဒီအကြောင်းကိုလဲ မနက်ဖြန်မှာ သတင်းဓာတ်ပုံတွေရဲ့ တစ်ပုံနဲ့တစ်ပုံ ကွင်းဆက်ချိတ်ဆက်နေပုံကို ရှင်းလင်းတဲ့ပို့စ်တင်ပေးပါအုံးမယ်။ နောက်ဆက်တွဲအသေးစိတ်ကိုတော့ မီဒီယာကြီးတော်တော်များများမှာ ရေးသားထားပြီးသားမို့ အသေးစိတ်ကို ခိုင်မာတဲ့သတင်းမီဒီယာပေ့ချ်တွေ့မှာသွားရောက်ဖတ်ရှုစေလိုပါတယ်။