Fact Check | သီတဂူတက္ကသိုလ်အား ရဲတပ်ဖွဲ့ရှောင်တခင်ဝင်ရောက်စီးနင်းရာ လက်နက်များတွေ့ရှိခြင်းမှာ သတင်းအတုသာဖြစ်

သီတဂူတက္ကသိုလ်အား ရဲတပ်ဖွဲ့ရှောင်တခင်ဝင်ရောက်စီးနင်းရာ လက်နက်များတွေ့ရှိခြင်းမှာ သတင်းအတုသာဖြစ်

သတင်းအတုတွေကလဲ တစ်နေ့တစ်နေ့ မရိုးရအောင်ပါပဲ အမျိုးတို့ရေ ပြောနေကြစကားအတိုင်း သတိပေးရမယ်ဆိုရင်တော့သတင်းအတုလို့ သံသယရှိတာနဲ့  သေချာအောင် ပုံတွေကိုစစ်ဆေးကြည့်ပါ ။

မူရင်းသတင်းအမှားနဲ့ ဖြေရှင်းချက်ကို link ကိုဝင်ပြီး ကြည့်နိုင်ပါတယ်

ဥပမာ

၁။ ဒီပုံတွေမှာဆို ဘုန်းကြီးကျောင်းပုံရယ်

၂။ လမ်းမပေါ်က ရဲကားတစ်စီးရယ်

၃။ သေနတ်မျိုးစုံပုံတွေနဲ့ သတင်းတစ်ပုဒ်လို ဖန်တီးထားတာပါ။

ဒါမျိုးအပေါစား သတင်းအတုကို ယုံကြည်မိမယ် ဆိုရင်တော့ အမျိုးတို့အတွက် ရင်ကျိုးရမှာပါပဲ ဘာရည်ရွယ်ချက်နဲ့ ရေးရေး အတုဆိုတာ ကောင်းကျိုးထက် ဆိုကျိုးသာ များစမြဲပါလို့ အသိပေးရင်း အခုလို သတင်းအမှားဖန်တီးနေတဲ့ Page ကို အားမပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်…

သီတဂူစတား

October 23, 2017 ·

သတင်းအတု

******

လက်နက်မိတယ်ဆိုပြီး မဟုတ် မမှန် သတင်းတွေ ဖြန့်နေသည်ကို သတိပြုကြရန်။ မရိုးသားသော သတင်းတွေကို သတိပြုကြရန်။

Someone make up this fake and false news

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၃-၁၀-၂၀၁၇

#RealorNot