Fact Check | ဘာသာပေါင်းစုံဆုတောင်းပွဲမှာ အထူးယာဉ်တွေကို အစ္စလာမ်ဘာသာဝင်များအတွက် သာ စီစဉ်ပေးထား သယောင် ရေးသားထားသော ပိုစ့်

အရေးကြီးလို့ပြောပါရစေ အောက်တိုဘာ ၁၀ ရက်နေ့ကပေါ့

သတင်းတွေ ဆောင်းပါးတွေ တင်တတ်တဲ့ Shwe Myanmar Media ဆိုတဲ့ ပေ့ချ်ကနေ ပို့စ်တစ်ခု တက်လာတယ် ။ YBS အထူးယာဉ်ပုံနဲ့ တွဲပြီး (အောက်မှာ မူရင်းပို့စ်နဲ့ ပုံကို ဖော်ပြထားပါတယ် ) ပို့စ်တစ်ခုတက်လာတယ်။

ဒီပို့စ်က လူမျိုးရေး နဲ့ ဘာသာရေးကြား တစ်ခုခု ကသိကအောက်ဖြစ်အောင် ရေးထားတာမှန်း သိသာလွန်း ပေမယ့် ခိုင်လုံတဲ့ အချက်အလတ် မရှိသေးလို့ ပေ့ချ်မှာရေးပြီးမတင်ဖြစ်ခဲ့ဘူး အခုတော့ လွှတ်တော်အမတ်တစ်ယောက်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီပို့စ်ရဲ့ ထင်ယောင်ထင်မှား ရေးမှုကို ဖြေရှင်းထားတော့မှပဲ အဖြစ်မှန်ကို ပြန်ဝေမျှပေးလိုက်ပါတယ်။

မူရင်းပို့စ်မှာက ဘာသာပေါင်းစုံဆုတောင်းပွဲမှာ အထူးယာဉ်တွေကို အစ္စလာမ်ဘာသာဝင်များအတွက် သာ စီစဉ်ပေးထား သယောင် ရေးသားထားပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေဘုန်းလတ်မှ ပြန်လည်ဖြေရှင်းထားတာကတော့

တကယ့်အဖြစ်မှန်မှာတော့ စုစုပေါင်း ဆုတောင်းပွဲအတွက် ကားအစီးရေ ၂၀၀ သုံးပြီး ဘာသာကြီး ( ၄) ခုအတွက် တစ်ခုကို အစီး ၃၀ စီ (၁၂၀ စီး)၊ မဟာယနဗုဒ္ဓဘာသာအတွက် (၁၀)စီး ၊ အဖွဲ့ချုပ်က ခရိုင်တွေ ကနေ ပါတီဝင်တွေနဲ့ ပြည်သူတွေကို ကြိုဖို့အတွက် (၇၀)စီး အသုံးပြုတယ်လို့ သိရပါတယ်။ အခုပုံကတော့ အစ္စလာမ်ဘာသာဝင်တွေ အတွက် ကားအစီး ၃၀ ထဲက တစ်စီးပုံကို ရိုက်ပြီး ဖွနေကြတဲ့ပုံပါလို့ ရေးသားထားပါတယ်။ သတင်းအမှားတွေနဲ့ မဆီလျှော်တဲ့ ဓာတ်ပုံတွေ ကို အသုံးပြုြုပီး ထင်ယောင်ထင်မှားဖြစ်အောင် ဖွတဲ့ သတင်းပေ့ချ်ကိုလဲ သူငယ်ချင်းတို့ သတိထားနိုင်အောင် မူရင်းပို့စ်ပါ ဝေမျှပေးလိုက်ပါတယ်။

 

#RealorNot